မိုးယုစံရဲ့သားလေး Austin ကြော်ငြာရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးများ

မိုးယုစံရဲ့ သားလေးကတော့ ဒီအရွယ်တည်းက ကို ကြော်ငြာမင်းသားလေး ဖြစ်နေပါပြီ။ Baby & Me ဆိုင်အတွက် မိုးယုတို့ မိသားစု(၃)ယောက် အတူတူ ကြော်ငြာရိုက်ကူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သားဖြစ်သူရဲ့ ရိုက်ကွင်းပေါ်က ပုံလေးတွေကိုတော့ မိုးယုစံက ဗီဒီယိုဖိုင်လေးအဖြစ် ပြောင်းပြီး fb ပေါ်တင်ခဲ့ပါတယ်။ အခုကတော့ ဓါတ်ပုံလေးတွေပါ တင်ခဲ့ပါတယ်။

“@babyandmephotographymyanmar သားသားပုံလေးတွေရပါပီ သားသားကို ချစ်ပေးကြပါအုံးလို့ thz”ဆိုပြီး တင်ထားတာပါ။

ပုံလေးတွေထဲမှာတော့ ချစ်စရာကောင်းတဲ့ Austin  နဲ့ မိုးယုတို့ ဇနီးမောင်နှံရဲ့ ပျော်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တွေ့ရမှာပါ။ မိုးယုစံဟာ အိမ်ထောင်ကျပြီးတည်းက ဇာတ်ကားတွေ မရိုက်တော့ပေမယ့် ကြော်ငြာလေးတွေကို ရိုက်ကူးပေးနေပါတယ်။ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့လှုပ်ရှားသွားလာမှုတွေကိုလည်း FB ပေါ်မှာ ပုံမှန်တင်လေ့ရှိပါတယ်။

READ
ဘောလိဝုဒ် မင်းသမီးတွေရဲ့ တကယ့်အရပ်အမြင့်ဘယ်လောက်ရှိမယ်ထင်လဲ

Austin လေးကိုတော့ သြဂုတ်လ(၂၁)ရက်နေ့ ညပိုင်းက မွေးဖွားခဲ့တာပါ။ မွေးခါစက သားသားရဲ့ ကိုယ်အလေးချိန်ဟာ (၈)ပေါင် (၃)အောင်စပါ။ အခုဆိုရင်တော့ အသက်က ရက်(၅၀)၊ နှစ်လသားအရွယ်လေးရှိနေပါပြီ။ လောလောဆယ်မှာတော့ Austin လို့ပဲ နာမည်ပေးထားပြီး ရက်(၁၀၀) ပြည့်ကျမှ မြန်မာနာမည်ပေးမယ်လို့ သိရပါတယ်။

From မိုးယုစံရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE