ကြောင်တွေကို ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တဲ့ သြစတြေးလျမြို့လေးတစ်မြို့

Gansstock/Shutterstock

သြစတြေးလျနိုင်ငံမှာ (၂၀၂၀)ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ကြောင်တွေကို သုတ်သင်ရှင်းလင်းရမယ်ဆိုတဲ့ထုတ်ပြန်ချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ထွက်ပေါ်ပြီးတဲ့နောက် မြို့ငယ်လေးတစ်ခု ကတော့ အိမ်ထောင်တစ်စုတိုင်းမှာ ကြောင်(၂)ကောင်စီရှိ သင့်တယ်လို့သတ်မှတ်ခဲ့ပါတယ်။ဒါပေမယ့် ကြောင်တွေကို ညဘက်မထွက်ရအမိန့်ကိုတော့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုစည်းကမ်းထုတ်ပြီး ကြောင်တွေကိုမွေးခဲ့တဲ့မြို့ကတော့ Adelaide မြို့ရဲ့မိုင်(၂၀)အကွာလောက်မှာ ရှိတဲ့ Mount Barker မြို့လေးပဲဖြစ်ပါတယ်။ဒီစည်းမျဉ်းစည်းကမ်းအသစ်တွေထုတ်ပြီး ကြောင်တွေကိုမွေးမြူထားတဲ့မြို့လေးမှာ ကြောင်တွေရဲ့စိတ်အနှောင့်အယှက်ဖြစ်စရာပြုမူပုံတွေ ကိုတွေ့ရင်နှိမ်နင်းဖို့ ဒေသကောင်စီကစောင့်ကြည့်လျက်ရှိပါတယ်။

Kristi Blokhin/Shutterstock

ဒီစည်းကမ်းသစ်တွေဟာ အောင်မြင်အထမြောက်မှုတော့မရှိသေးပါဘူး။မြို့ရဲ့ကောင်စီက စမ်းသပ်မွေးမြူ ကာလကိုတောင် အချိန်တစ်ခုအထိဆိုင်းငံ့ထားပါတယ်။

ကြောင်တွေကိုညဘက်မထွက်ရအမိန့်ထုတ်တယ်ဆိုတာအရမ်းကိုထူးဆန်းပါတယ်။ဒီလိုထုတ်လိုက်တဲ့အတွက်လည်း တော်တော်ခက်ခဲမှုတွေရှိနိုင်တယ်လို့မြို့တော်ဝန် Ann Ferguson က The Guardian သတင်းစာကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။သူမလည်းအခုလိုကြောင်တွေကို သုတ်သင်ရှင်းလင်းနေတာကို မနှစ်မြို့ပါဘူး။ကျွန်မကလည်း ကြောင်ချစ်သူတစ်ယောက်ပါပဲ လို့ပြောကြားခဲ့ပါတယ်။

လမ်းပေါ်မှာကြောင်တွေတစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်ရာမှာထွက်ပေါ်လာတဲ့အသံတွေဟာ လူတွေကိုအနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဒီလိုအမိန့်တွေထွက်ပေါ်လာတာဖြစ်တယ်လို့ Ferguson ကပြောပါတယ်။

Kristi Blokhin/Shutterstock

ကြောင်တွေဟာ လူတွေရှိတဲ့မြက်ခင်းတွေပေါ်မှာ အညစ်အကြေးတွေစွန့်တဲ့အပြင် တံခါးပေါက်တွေမှာ လည်းသေးပန်းတာတွေလုပ်ဆောင်တာဟာ လူတွေရဲ့စိတ်ကိုအနှောင့်အယှက်ဖြစ်စေလို့  အခုလိုသတ်မှတ်ချက်တွေထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ Ferguson ကရှင်းပြခဲ့ပါတယ်။

(၂၀၁၉)ခုနှစ်မတ်လနဲ့ဧပြီလကြားစစ်တမ်းကောက်ခံချက်အရ ဒီပေါ်လစီအသစ်ကို လူအတော်များများကတော့ ထောက်ခံကျတယ်လို့ Mount Barker မြို့ရဲ့အာဏာပိုင်တွေကပြောပါတယ်။

သြစတြေးလျမှာ တောကြောင်အကောင်ရေ(၂)သန်းကနေ(၆)သန်းလောက်နေထိုင်ကြပါတယ်။အဲ့ဒီထဲကမှ ကြောင်အကောင်ရေ(၂)သန်းလောက်ကို (၂၀၂၀)မှာ အပြီးသတ်သုတ်သင်ရှင်းလင်းမှုတွေလုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့အာဏာပိုင်တွေ ကပြောပါတယ်။

Gansstock/Shutterstock

အိမ်မွေးကြောင်တွေတော့ ဒီလိုရှင်းလင်းတဲ့အထဲမှာ မပါလောက်ဘူးလို့ အာဏာပိုင်တွေကတော့ပြောကြားခဲ့ပါတယ်။

Thae Su

READ
နေ့တိုင်း မိတ်ကပ်(၂)နာရီကြာအောင် လိမ်းနေရတာမို့ ချစ်သူမထားရဲတဲ့မိန်းကလေး

Source : insider , Newsweek

SHARE