သြစတေးလျမှာ ညစ်ညမ်းရုပ်ရှင်ကြည့်ဖို့ မျက်နှာကို အရင်ဆုံး scan ဖတ်ရတော့မည်

Pexels/TheAus

စက်တင်ဘာလအတွင်းမှာ သြစတေးလျအစိုးရကော်မတီဟာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်များအတွက်  အွန်လိုင်းပေါ်က ညစ်ညမ်းရုပ်ရှင်များ ကြည့်ရှု့မှုကို ပြင်းပြင်းထန်ထန်ကန့်သတ်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ ညစ်ညမ်းရုပ်ရှင်များကို တင်လေ့ရှိတဲ့ Website အများစု ၁၈ နှစ်အောက် ကလေးငယ်များအတွက် ကြည့်ရှုဖို့ တားမြစ်သတိပေးစာတွေ ထားထားပေမယ့်လည်း အဆိုပါ သတိပေးစာတွေကို ကျော်ဖြတ်ဖို့ အင်မတန်လွယ်ကူစွာ ထားထားပေးတဲ့အတွက် ဆယ်ကျော်သက်အရွယ်ကလေးငယ်များဟာ အလွယ်တကူပဲ ကြည့်ရှုနေကြတာပါ။

အခုတော့ သြစတေးလျအစိုးရဲ့ လေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဟာ ဒီလိုဖြစ်ရပ်မျိုးမဖြစ်အောင် ကန့်သတ်ဖို့အတွက် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီနည်းလမ်းကတော့ သြစတေးလျအစိုးရဟာ ညစ်ညမ်းရုပ်ရှင်တွေကို ကြည့်ရှု့မယ့် လူရဲ့ မျက်နှာကို web-cam ကနေ တစ်ဆင့် အရင်ဆုံး scan ဖတ်ထားမှာဖြစ်ပါတယ်။ scan ဖတ်ထားတဲ့ မျက်နှာကို မှတ်ပုံတင် ဒါမှမဟုတ် အိမ်ထောင်စုစာရင်းမှာ ရှိတဲ့ ဓာတ်ပုံတွေနဲ့ တိုက်ကြည့်ပြီးမှ အသက်အရွယ်ပြည့်မီတယ်ဆိုမှ ဆက်လက်ကြည့်ရှုခွင့်ပေးမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ အသက်မပြည့်သေးကြောင်း ထင်ရှားရင် ညစ်ညမ်းရုပ်ရှင်များကို ကြည့်ရှု့ခွင့်ချက်ချင်းပိတ်ပစ်သွားမှာပါ။

Unsplash/Threa

အခုအချိန်မှာတော့ အဲဒီနည်းပညာလုပ်ဆောင်မှုအကြောင်းကို အသေးစိတ်မထုတ်ပြန်သေးပေမယ့် ကြုံတွေ့ရမယ့် ပြဿနာတွေက ကြိုဆိုနေပါတယ်။ ဥပမာဆိုရရင် – တကယ်လို့သာ မျက်နှာကို web-cam ကနေ တစ်ဆင့် scan ဖတ်မယ်ဆိုရင် web-cam ပိတ်ထားချိန်မှာရော ဘယ်လို အလုပ်လုပ်မလဲဆိုတဲ့မေးခွန်းတွေလည်း ရှိနေပါတယ်။

ဒီလို မျက်နှာကို scan ဖတ်ပြီး အစိုးရဆီမှာ ရှိနေတဲ့ ယာဉ်မောင်းလိုင်စင်ထဲက ဓာတ်ပုံတွေ၊ နိုင်ငံသားစိစစ်ရေးကတ်ထဲက ဓာတ်ပုံတွေ နဲ့ တိုက်ကြည့်တဲ့ စနစ်ဟာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသုံးပြုနေတဲ့ နည်းပညာစနစ်တစ်ခုလည်းဖြစ်ပါတယ်။

Pexels/AU

ဘာပဲဖြစ်ဖြစ် သိပ်မကြာခင် အသက်ဝင်တော့မယ့် အဲဒီနည်းပညာကြောင့် သြစတေးလျနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်များ ညစ်ညမ်းရုပ်ရှင်ကြည့်ရှုမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ လျော့ကျသွားလိမ့်မယ်လို့ မျှော်လင့်နေကြောင်း Futurism မဂ္ဂဇင်းက ဖော်ပြသွားခဲ့ပါတယ်။

YYK

SHARE