ဆယ်လ်ဖီ အရိုက်လွန်ပြီး မီတာ(၃၀)အမြင့်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့တဲ့ စုံတွဲ

ပေါ်တူဂီနိုင်ငံ၊ အီရီဆီရာမြို့ရဲ့ ကမ်းခြေတစ်ခုမှာ သြစတြေးလျစုံတွဲတစ်တွဲ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားရင်း မီတာ (၃၀) အမြင့်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။ အသက်(၃၀)အရွယ် အမျိုးသမီးနဲ့ အသက်(၄၀)အရွယ် အမျိုးသား စုံတွဲဟာ မီတာ (၃၀) မြင့်တဲ့ ကျောက်နံရံပေါ်တက်ပြီး ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားရာကနေ ပြုတ်ကျ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Ericeira Surf House

မျက်မြင် သက်သေတွေရဲ့ ပြောပြချက်အရတော့ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားရင်း ဖုန်းပြုတ်ကျသွားရာကနေ ဖုန်းကိုရဖို့ကြိုးစားရာက ဟန်ချက်ပျက်ပြီး ပြုတ်ကျသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ပေါ်တူဂီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သြစတြေးလျနိုင်ငံသားနှစ်ဦး မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးပြီလို့ ကြေညာခဲ့ပါတယ်။

Pinterest

အီရီဆီရာ ကမ်းခြေဟာ ပေါ်တူဂီနိုင်ငံရဲ့မြို့တော် လစ္စဘွန်းမြို့ကနေ ကီလိုမီတာ (၃၀) လောက်သာ ဝေးပြီး ရေလှိုင်းစီးလို့ ကောင်းတဲ့နေရာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။

READ
တက်တူးအပြည့်နဲ့ ငါးကြီးတစ်ကောင် ဖိလစ်ပိုင်မှာ ဖမ်းဆီးရမိ

ကမ်းခြေရဲ့ ပတ်လည်မှာတော့ မီတာ (၃၀) ကနေ (၄၀) အထိ မြင့်တဲ့ ကျောက်နံရံကြီးတွေရှိပြီး ဒီနေရာမှာ ကမ္ဘာလှည့်ခရီးသည်တွေ ပြုတ်ကျတာက ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

Booking.com

Linn

Source : News.com.au

 

SHARE