တောထဲမှာ ပိတ်မိခဲ့ပေမယ့် Drone ကျေးဇူးကြောင့် အန္တရာယ်ကင်းခဲ့ရတဲ့ မိသားတစ်စု

QUEENSLAND POLICE

ပြီးခဲ့တဲ့ တနင်္လာနေ့(၄.၁.၂၀၂၁)တုန်းက သြစတြေးလျနိုင်ငံရဲ့ Queensland State Emergency Service (SES) ဌာနမှ မတော်တဆမှုတစ်ခုအကြောင်းကို သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ Drone ကျေးဇူးကြောင့် ရင်ခွင်ပိုက်ကလေးလေးပါတဲ့ မိသားတစ်စုကို ဘေးမသီရန်မခဘဲ ပြန်တွေ့ခဲ့တာပါတဲ့။ ဖြစ်စဉ်ကိုတော့ People မှ သတင်းတစ်ပုဒ်ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

အရွယ်ရောက်ပြီးသားလူကြီး ၄ ယောက်နဲ့ ရင်ခွင်ပိုက်ကလေးငယ်လေးပါဝင်တဲ့ မိသားတစ်စုဟာ ကိုယ်ပိုင်ကားနဲ့ Kirrama Range လမ်းကို အပျော်ခရီးထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနေ့က မိုးတွေရွာနေတာကြောင့် သွားတဲ့လမ်းခရီးဟာ ရွှံ့တွေနဲ့ လမ်းချော်နေခဲ့တာပါ။ ဒါကိုမသိဘဲ မိသားစုကတော့ Blencoe ရေတံခွံကိုရောက်ဖို့ကိုပဲ စိတ်အာျးထက်သံနေခဲ့ကြပါတယ်။ 

QUEENSLAND POLICE

တောင်ပတ်တောလမ်းလို ပုံစံမျိုးနဲ့ ခက်ခက်ခဲခဲသွားခဲ့ရပြီး အပေါ်ကို တော်တော်လေးရောက်ကာမှ ကားမောင်းနေတဲ့အမျိုးသားဟာ မြေကြီးအနေအထားကို သိပ်မကြိုက်တော့တာကြောင့် တောင်အောက်ပြန်ဆင်းကြမယ်ဆိုပြီး လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့ပေမယ့်လို့ မိုးတွေ သည်းထန်စွာ ရွာလာပြီး လမ်းကလည်းချော်၊ မြင်ကလည်းမမြင်ရနဲ့ နောက် လမ်းမှာလည်း သစ်ပင်တွေပိတ်နေတဲ့အတွက် လမ်းခုလတ်ကြီးမှာ မိသားစုလိုက်ကားတစ်စီးနဲ့ ပိတ်မိနေခဲ့ကြပါတယ်။

လူများလာမလားလို့ စောင့်နေခဲ့ပေမယ့်လို့ တစ်ယောက်မှ ရောက်မလာတဲ့အပြင် မိုးရေနဲ့ ရွှံ့တွေကြောင့် ကားအင်ဂျင်ဟာလည်း သေသွားခဲ့ပါပြီ။ နောက် ဖုန်းလိုင်းကလည်း လုံးဝမမိ။ ဒီလိုနဲ့ တစ်ညတာ ကားထဲမှာပဲ အိပ်ခဲ့ကြရပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ဖခင်ဖြစ်သူဟာ အကြံတစ်ခုကို ရခဲ့ပါတယ်တဲ့။ အဲဒါကတော့ နည်းပညာကိုအားကိုးဖို့ပါပဲ။

QUEENSLAND POLICE
QUEENSLAND POLICE
QUEENSLAND POLICE

ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ဖို့ ပါလာတဲ့ drone ကို ထုတ်၊ ဖုန်းနဲ့ချိတ်ပြီး အကူအညီတောင်းခဲ့တာပါ။ ဖုန်းမှာ SOS message ကို ရိုက်တဲ့ပြင် GPS location တွေ အတိအကျနဲ့ အခြေအနေတွေအားလုံးကို ရှင်းပြကာ ဖုန်းလိုင်းမိတဲ့နေရာအထိ drone ကိုမောင်းစေကာ ကျန်ခဲ့တဲ့မိသားစုဝင်ဆီကို အကူအညီတောင်းခဲ့ပါတယ်။

ဒါကြောင့်လည်း သက်ဆိုင်ရာတွေက ပိတ်မိနေတဲ့မိသားစုကို အချိန်မကြာဘဲ အမြန်ဆုံးကယ်တင်လိုက်နိုင်ခဲ့တာပါ။ အခုတော့ အားလုံးဘေးမသီရန်မခဘဲနဲ့ အိမ်ကိုချောချောမွေ့မွေ့ပြန်ရောက်နေကြပါပြီ။

penny

SHARE