ၾသစေၾတးလ် တောမီးကြားမှာ အသက်လုပြေးခဲ့ရတဲ့ မီးသတ်သမားတွေရဲ့ ဗီဒီယိုဖိုင်

Twitter/Fire&RescueNSW

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူတော်တော်များများအခုလက်ရှိထိ လောင်ကျွမ်းနေဆဲဖြစ်တဲ့ ဩစတြေးရီးယားမီးလောင်မှုကို သိရှိကြပြီးဖြစ်မှာပါ။ထောင်သောင်းများစွာသော တိရစ္ဆာန်လေးတွေဟာလည်း မီးလောင်နေတဲ့တောအုပ်ထဲကနေ အသက်လုပြီး ပြေးလွှားနေရတဲ့ ဓာတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေကို လူမှုကွန်ယက်တွေပေါ်မှာ စိတ်မကောင်းစွာနဲ့ နေ့စဉ်လိုလို မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။အခုလည်း မီးလောင်နေတဲ့ သစ်တောထဲကနေ အသက်လုပြီး ပြေးနေရတဲ့ မီးသတ်သမားတွေရဲ့ ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ယက်ပေါ်မှာ ထပ်မံတွေ့ရှိခဲ့ရပါတယ်။

Twitter/Fire&RescueNSW

New Yearသတင်းဌာနရဲ့ ဖော်ပြချက်အရ New South Walesပြည်နယ်က မီးသတ်ကယ်ဆယ်ရေးအဖွဲတစ်ဖွဲ့ဟာ ဩစတြေးရီးယားမီးလောင်မှုမှာ မီးလောင်နေတဲ့ သစ်တောအုပ်ထဲကနေ အသက်လုပြီး ထွက်ခဲ့ရတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာကြောင်း သိရှိရပါတယ်။

 

ဒီဗီဒီယိုဖိုင်ထဲမှာ မီးသတ်သမားတစ်ချို့ဟာ မီးသတ်ကားပေါ်ကနေ မီးလောင်နေတဲ့ ပတ်ဝန်းကျင်ကို ဗီဒီယိုရိုက်ပြထားတာဖြစ်ပြီး သစ်တော်အထဲပိုင်းမှာ ဘယ်လောက်ထိမီးလောင်ကျွမ်းနေတယ်ဆိုတာကို ပြသချင်တာပဲဖြစ်ပါတယ်။ကံဆိုးချင်တော့ မီးကတဖြည်းဖြည်းပိုများလာပြီး အထဲမှာဘယ်လိုမှနေလို့မရတဲ့အချိန်မှာတော့ မီးနည်းရာကို အသည်းအသန်ကားမောင်းပြီး ထွက်ပြေးရတာပါပဲ။

READ
လောဘနဲ့ ရေမြောင်းထဲ အကြွေစေ့တွေ လိုက်ကောက်ခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်ဆိုး

“Nowraပြည်နယ် တောင်ဖက်ပိုင်းထဲမှာ မီးကတော်တ်ေလောင်ကျွမ်းနေပါတယ်။အခုမြင်တဲ့အတိုင်း ကျွန်တော်အဖွဲ့ကမီးသတ်သမားတွေတောင်မှ တော်တော်အသက်လုပြီး ပြေးနေရပါတယ်”လို့ New South Walesပြည်နယ် မီးသတ်ကယ်ဆယ်ရေးအဖွဲ့မှ twitterအကောင့်တွင် တင်ခဲ့ကြောင်းသိရှိရပါတယ်။

[email protected]_NSW

Pyi Hein Kyaw

SHARE