သားပိုက်ကောင်လေးတွေအတွက် မုန်လာဥနီတွေကို ကောင်းကနေ ပစ်ချခဲ့တဲ့ အစီအစဉ်

Twitter/Matt Kean MP

လူတိုင်းနီးပါးသိထားပြီဖြစ်တဲ့ ဩစတြေးလျမီးလောင်မှုဟာ အခုထိကို မငြိမ်းသေးဘဲ လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။ ဒီမီးလောင်မှုကြီးကြောင့်ပဲ သန်းပေါင်းများစွာသော တိရစ္ဆာန်တွေနဲ့ သဘာဝသစ်တောကြီးဟာလည်း တဖြည်းဖြည်း ပျက်ဆီးနေပါပြီ။ မီးဘေးလွတ်သွားတဲ့ တိရစ္ဆာန်တွေအတွက်လည်း မီးလောင်ပြင်တွေမှာ အစာရှာဖို့က အင်မတန်မှ ခက်ခဲလှပါတယ်။ ဒါ့ကြောင့် ဩစတြေးရီးယားအစိုးရဟာ အစာရှာဖို့ခက်ခဲတဲ့ တိရစ္ဆာန်လေးတွေအတွက် အစီအစဉ်တစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။

 

အဲဒီအစီအစဉ်ကတော့ ဟယ်လီကော်ပတာတွေနဲ့ ကောင်းကင်ပေါ်ကနေပြီး မုန်လာဥနီတွေကို မီးလာင်ပြင်တွေပေါ် ပစ်ချပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ “Operation Rock Wallaby” လို့အမည်ပေးထားပြီး လက်ရှိမှာတော့ the Capertree and Wolgan valleys, Yengo National Park, the Kangeroo Valley, and around Jenolan, Oxley Wild Rivers and Currancubundi national parks တောက်လျှောက် မုန်လာဥနီ (၂,၂၀၀) ကီလိုဂရမ်ကို ချပေးခဲ့ပြီး ဖြစ်ပါတယ်။

READ
လေယာဉ်ပျက်ကျမှုမှာ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်တဲ့ (၃)နှစ်အရွယ်ကောင်မလေး

 

“ သားပိုက်ကောင်လေးတွေဟာ မီးထဲကနေရအောင်ရုန်းထွက်ပြီး အသက်ရှင်နေထိုင်ခဲ့ပါတယ်။ ဒီအတွက်တောင် ကျွန်တော်တို့က သူတို့ကို ကျေှးဇူးတင်ရမှာပါ။ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ်မီးလောင်ပြင်ကြီးထဲမှာ အစာရှာနိုင်တော့မှာလဲ။ အစာတော်တော်များများကလဲ မီးလောင်တာနဲ့ ကုန်နေပြီလေ။ ဒါ့ကြောင့် ဒီလိုမျိုး အစီအစဉ်ကို လုပ်ဆောင်ခဲ့တာပါ” လို့ NSW Environment ရဲ့ အကြီးအကဲတစ်ဦးဖြစ်သူ Matthew Kean မှ The Sun သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE