သြစတြေးလျတောမီးနဲ့ ပတ်သတ်ပြီး လူ(၂၀၀)ကျော်ကို ဖမ်းဆီးထားကြောင်း သိရ

Twitter/NSW Minister for Police and Emergency Services

သြစတြေးလျမှာရှိတဲ့ တောမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေရတာကြောင့် ပင်ပန်းနေတဲ့ မီးသတ်သမားတွေက အေးလာတဲ့ ရာသီဥတုက သေစေနိုင်တဲ့ တောမီးလောင်မှုကို ကာကွယ်ဖို့ ကူညီပေးသလိုဖြစ်တယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါတောမီးရာသီစတင်ကတည်းက မီးနဲ့ ဆက်စပ်နေတဲ့ လူ(၂၀၀)နီးပါးကို တရားစွဲထားတယ်လို့ ဇန်န၀ါရီလ(၆)ရက်နေ့က အာဏာပိုင်တွေက ပြောကြားခဲ့ကြောင်း Fox News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

(၂၀၁၉)ခုနှစ် စက်တင်ဘာလကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ မိုးခေါင်မှုနဲ့ နိုင်ငံရဲ့အပူဆုံးအချိန်နဲ့ ခြောက်သွေ့မှုအများဆုံးစံချိန်တွေကြောင့် ဖြစ်ပါတယ်။ ဒီတစ်ခေါက်တောမီးဟာ သြစတြေးလျမှာ နှစ်စဉ်ဖြစ်ပွားနေ ကျ တောမီးရာသီထက် အနည်းငယ်စောတယ်လို့သိရပါတယ်။ Maryland ပြည်နယ်မှာ တောမီးကြောင့် လူ(၂၅)ဦးသေဆုံးပြီး၊ အိမ်ပေါင်းအလုံး(၂၀၀၀)လောက်ပျက်စီးသွားခဲ့ပါတယ်။

New South Wales ပြည်နယ်မှာတော့ ဇန်န၀ါရီလ(၇)ရက်နေ့အထိကိုတော့ မီးလောင်နေရာ(၁၃၀)ခုရှိပြီး နေရာ အခု(၅၀)လောက် မီးထိန်းချုပ်လို့မရသေးဘူးလို့သိရပါတယ်။

READ
ပေ (၃)သောင်းအမြင့်မှာ လေယာဉ်ပေါ်ကနေထွက်ကျမလိုဖြစ်ခဲ့ရတဲ့အမျိုးသမီးရဲ့အဖြစ်ဆိုး

ဒီတောမီးနဲ့ပတ်သက်ပြီး နိုဝင်ဘာလ(၈)ရက်နေ့ကတည်းက အာဏာပိုင်တွေက လူ(၂၄)ဦးအပါအ၀င် မီးနဲ့ဆိုင်တဲ့ပြစ်မှုများအတွက် လူ(၁၈၃)ဦးကို တရားဥပဒေအရအရေးယူခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှုစွဲချက်ေ ကြာင့် ထောင်ဒဏ်(၂၁)နှစ်စီ အသီးသီးကျခံရနိုင်ဖွယ်ရှိတယ်လို့ NSW ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။

မီးဘေးသင့်ေးသတွေမှာ လုယပ်မှုတွေ လုပ်ခဲ့တဲ့လူ(၃)ဦးကိုလည်း တရားစွဲဆိုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခု မှာ  ရဲနဲ့အရေးပေါ် ၀န်ဆောင်မှုဝန်ကြီး David Elliott က ပြောပါတယ်။

Financial Crimes Squad’s Arson Unit မှ စုံစမ်းစစ်ဆေးသူတွေက ဒေသခံရဲတွေနဲ့ ပူးပေါင်းပြီး မီးလောင်ရ တဲ့အကြောင်းရင်းဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး အဖမ်းခံရသူတွေထဲမှာ ဆယ်ကျော်သက်လူငယ် အယောက်(၄၀)ပါဝင်တယ်လို့သိရပါတယ်။

မီးလောင်မှုကို ငြိမ်းသတ်ဖို့ ထောင်နဲ့ချီတဲ့ စစ်တပ်၊ ရေတပ်နဲ့လေတပ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေကို အခင်းဖြစ်  ပွားရာနေရာကို စေလွှတ်ခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေကလည်း ဘေးဒဏ်သင့်နေတဲ့ သူတွေဆီကို ရောက်ရှိဖို့ ကြိုးစားလျက်ရှိပါတယ်။

READ
ကမ္ဘာ့အကြီးဆုံးခွေးကြီးရဲ့ အနှစ်သက်ဆုံး အစားအစာမှာ ကြက်ကောင်လုံးကင်ဟု ပိုင်ရှင်ဆို

ဒီသဘာဝဘေးကြောင့် ခန့်မှန်းခြေ ပျက်စီးဆုံးရှုံးမှုဥပဒေကြမ်းကနှစ်ရက်အတွင်းကိုနှစ်ဆတိုးခဲ့ပြီး အာမခံတောင်းဆို သူတွေက အမေရိကန်ဒေါ်လာ (၄၈၅)သန်းအထိရှိနေပြီဖြစ်ကြောင်း သြစတြေးလျ အာမခံကောင်တီ ကပြောကြားခဲ့ပါတယ်။

Thae Su

SHARE