တောထဲမှာ တစ်ကိုယ်တည်းနေပြီး ထူးခြားတဲ့ ပန်းပုရုပ်ဥယျာဉ်ကြီး ဖန်တီးခဲ့တဲ့ ပညာရှင်

ကိုယ်ချစ်တဲ့အနုပညာကို အထူးအာရုံစိုက်ပြီး အပြောင်မြောက်ဆုံးလက်ရာတွေ ဖန်တီးနိုင်ဖို့ လူမှုအဖွဲ့အစည်းထဲကနေ လုံးဝခွဲထွက်ပြီး တစ်ကိုယ်တည်း ဧကစာရီကျင့်ကြံနေထိုင်သူတွေဟာ ရှားပါးလွန်းပါတယ်။ ဒါပေမယ့် ၀ီလျံရစ်ကတ်စ်ဆိုသူ အမျိုးသားတစ်ဦးဟာ ထူးထူးဆန်းဆန်းပဲ လူနေမှုအဖွဲ့အစည်းကို စွန့်ခွာပြီး အနုပညာလက်ရာမြောက်လှတဲ့ ရုပ်ထုတွေ ဖန်တီးခဲ့ပါတယ်။

ဝီလျံဟာ သြစတေးလျလူမျိုး အိုးလုပ်သမား ပန်းပုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ၀ီလျံဟာ ဗစ်တိုးရီယား ရစ်ခ်ျမွန်းမြို့က ဆင်ခြေဖုံးရပ်ကွက်တွေနားမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ မကြာခဏဆိုသလို သြစတေးလျအလယ်ပိုင်းမှာ နေထိုင်တဲ့ Pitjantjatjara နဲ့ Arrernte လူမျိုးတွေဆီ သွားရောက်လည်ပတ်လေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ သူ့အနေနဲ့ သြစတေးလျတိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀ကို လေ့လာပြီး မျက်စိအမြင်ပွင့်ချင်တာကြောင့် ဖြစ်ပါတယ်။

elitereaders

(၁၉၃၀)ခုနှစ်မှာတော့ ၀ီလျံဟာ မြို့ပြလူနေမှုစနစ်ကို စွန့်ခွာပြီး လူသူအလှမ်းဝေးလှတဲ့ မောင့်တ်ဒန်ဒီနွန်း ဘက်ဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ထိုဒေသမှာရှိတဲ့ ဒေသခံရှေးလူမျိုးတွေရဲ့ နေ့စဉ်လူနေမှုအလေ့အထတွေကို သဘောကျတာကြောင့် သူ့ဘ၀တစ်ခုလုံးကို မြှုပ်နှံပြီး သူတို့အတွက် အမှတ်တရတွေ ဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
မျှော်လင့်မထားတဲ့ အရာလေးတွေကို ထူးထူးခြားခြား တွေ့ရှိတဲ့ အခိုက်အတန့်များ…

ဝီလျံရဲ့ အဓိကရည်ရွယ်ချက်က သြစတေးလျတိုင်းရင်းသားလူမျိုးတွေရဲ့ ရှေးဘိုးဘွားဘီဘင်တွေ လက်ထက်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ ဘ၀နေထိုင်ပုံတွေကိုရည်ညွှန်းတဲ့ အနုပညာလက်ရာတွေကို ဖန်တီးဖို့ဖြစ်ပါတယ်။ ၀ီလျံဟာ ထိုဒေသတစ်ဝိုက်မှာ အထိမ်းအမှတ်ရုပ်ထုပေါင်း (၉၂)ရုပ်ကို ဖန်တီးခဲ့ပြီး ၄င်းနေရာကတော့ William Ricketts Sanctuary လို့အမည်တွင်ပါတယ်။ အောက်ဘက်မှာတော့ သဘာဝအတိုင်းရှိနေတဲ့ ကျောက်တုံးနဲ့ သစ်သားတွေကနေ လှပတဲ့ ပန်းပုရုပ်တွေအဖြစ် အသွင်ပြောင်းထားတဲ့ ၀ီလျံရဲ့ လက်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အ၀င်ဝက အစောင့်များ

elitereaders

ကျောက်တုံးမှာ ထွင်းထားတဲ့ သက်ကြားအို

elitereaders

သစ်သားနဲ့ ထွင်းထားတဲ့ လူငယ်လေး

elitereaders

မြေကို အစောင့်အရှောက်ပေးနေတဲ့ အမျိုးသား

elitereaders

ကျောက်တုံးမှာ ထွင်းထားတဲ့ သက်ကြားအိုနဲ့ နောက်ပါများ

elitereaders

ကလေးပြုစုနေကြတဲ့ မိခင်များ

elitereaders

ရေညှိတွေနဲ့ ဖုံးလွှမ်းနေတဲ့ သက်ကြားအိုတစ်ဦးရဲ့ မျက်နှာ

elitereaders

အသေးစိတ် ခြယ်မှုန်းထားတဲ့ သက်ကြားအိုရဲ့ မျက်နှာ

elitereaders

မိသားစု

elitereaders

ကျောက်တုံးပေါ်က အဖိုးကြီး

elitereaders

လင်းလင်း (ShweMom)

READ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့ အောင်မြင်ရေးနည်းလမ်း (၅) သွယ်

Ref: elitereaders

SHARE