ရေချိုးခန်း အံဆွဲထဲမှာ ပုန်းနေတဲ့ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေတစ်ကောင်

facebook/Sunshine Coast Snake Catchers 24/7

သြစတေးလျအမျိုးသမီးတစ်ဦးဟာ ကမ္ဘာ့ဒုတိယ အဆိပ်အပြင်းဆုံး မြွေကြီးတစ်ကောင်ကို ရေချိုးခန်း အံဆွဲထဲမှာ တွေ့လိုက်ရကြောင်း dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ မြွေကြီးဟာ အံဆွဲထဲမှာ ပစ္စည်းတွေနဲ့အတူ ရောပြီး ခွေနေတာ ဖြစ်ပါတယ်။ သူမဟာ ကွင်းစ်လန်းမှာ နေထိုင်သူပါ။ မြွေကြီးကို တွေ့ပြီးနောက်မှာတော့ သူမဟာ Sunshine Coast Snake Catchers ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

facebook/Sunshine Coast Snake Catchers 24/7

မြွေကို တွေ့တွေ့ချင်းမှာတော့ သူမဟာ အန္တရာယ်မရှိတဲ့ သစ်မြွေလို့သာ ထင်ခဲ့တာပါ။ Sunshine Coast Snake Catchers ကို ဖုန်းဆက်အပြီးမှာတော့ သူမကို အဖွဲ့အစည်းကနေပြီး ရေချိုးခန်းတံခါးကို လုံအောင် ပိတ်ထားဖို့နဲ့ မြွေထွက်နိုင်တဲ့ အပေါက်တွေရှိရင် အ၀တ်တွေနဲ့ အရင်ဆို့ထားပေးဖို့ မှာခဲ့ပါတယ်။

READ
ပက်ပ်စီတံဆိပ်တက်တူးနဲ့ ပုစွန်တုတ်ကြီးကပြနေတဲ့ ရေထုညစ်ညမ်းမှုအခြေအနေ
facebook/Sunshine Coast Snake Catchers 24/7

Sunshine Coast က မြွေဖမ်းသူလာတဲ့အခါမှာတော့ မြွေဖမ်းသမားဟာ ရေချိုးခန်းအံဆွဲထဲက မြွေကို ကြည့်ကာ ထိတ်လန့်သွားပါတော့တယ်။ အားလုံးထင်ထားကြတာက ဖမ်းရမယ့်မြွေဟာ သစ်ပင်တွေမှာ ခွေခေါက်နေလေ့ရှိတဲ့ ရိုးရိုးတန်းတန်းမြွေတွေသာ ဖြစ်နိုင်တယ် ဆိုပြီးတော့ပါ။

facebook/Sunshine Coast Snake Catchers 24/7

Sunshine Coast ဌာနမှ တာဝန်ရှိသူတစ်ဦးကတော့ “မြွေဖမ်းဖို့ ကျွန်တော်တို့ဆီကနေ ဒွန်နီဆိုတဲ့ ၀န်ထမ်းကို လွှတ်လိုက်ပါတယ်။ ဒွန်နီက အံဆွဲလည်း ဖွင့်လိုက်ရော သူတော်တော်အံ့သြသွားတယ်။ သာမန်တွေ့နေကျ မြွေမျိုးမဟုတ်ဘူးလေ။ တကယ်ကို အဆိပ်ပြင်းတဲ့ Eastern Brown မြွေမျိုး။ မြွေက အံဆွဲထဲမှာ ညှပ်ပြီး ထောင့်ကပ်နေတာ…” လို့ ပြောပြပါတယ်။

မြွေတွေ့တဲ့အိမ်က အမျိုးသမီးကတော့ ရေချိုးခန်းထဲကနေ မြွေကို ဖယ်ထုတ်သွားခဲ့ပေမယ့် အမှတ်မထင် တွေ့ရတဲ့ မြွေတွေဟာလည်း အဆိပ်ရှိနိုင်တယ်ဆိုတဲ့ ကြောက်စိတ် ၀င်သွားကြောင်းလည်း သိရပါတယ်။

READ
ပေးရန်အကြွေး ပေါင် (၂၂၂)သန်းကို Rum နဲ့ပြန်ဆပ်လိုတဲ့ ကျူးဘားနိုင်ငံ

လင်းလင်း (ShweMom)

SHARE