ပိန်ကပ်ကပ် မိန်းကလေး ဘ၀က နေ အကိတ်မလေး အဖြစ်ကို ပြောင်းလဲခဲ့တဲ့ သူမ

Image:IG/ Meg Kimura

Body နဲ့ ပတ်သက်ပြီး သူငယ်ချင်း မိတ်ဆွေ အသိုင်းအ၀ိုင်းတွေရဲ့ ဖိအားပေးမှုတွေ ကြောင့် စားေ သာက်မှု မှု မမှန် တော့ တဲ့ ရောဂါ မျိုးကို ခံစားကြရတဲ့ မိန်း ကလေးတွေ အများကြီး ရှိပါတယ်။အဲ့ဒီအထဲမှာ သြစတြေးလျ က Meg Kimura လည်း တစ်ယောက် အပါအ၀င် ပါ။ဆယ်ကျော်သက် တုန်းက သူမလည်း ဒီလို ဖိအားမျိုးကို ခံစားခဲ့ရဖူးပါတယ်။ဒါပေမယ့် ဆယ်ကျော်သက် မိန်းက လေး ဖြစ်တာ ကြောင့် ကျန်းမာကြံ့ ခိုင် လာဖို့ ကို မှန်ကန်တဲ့ နည်းနဲ့ မရွေးချယ်မိတာကြောင့် အစားအ သောက်နဲ့ ပတ်သက် လာရင် ကိုယ့် ကိုယ်ကို အပြစ်ရှိတယ်ဆိုတဲ့ စိတ် မျိုးတွေ ပါ ၀င်လာခဲ့ပါတယ်။သူမ အကြောင်းကို nextshark မှာ ဖော်ပြထားတာပါ။

Meg Kimura  အသက် (၁၇)နှစ် တုန်းက သူမ မှာ fitness exercise၊ ကျန်းမာ ရေး နဲ့ ပတ်သက်ပြီး လမ်းညွှန် ပေးမယ့် သူ တစ်ယောက် မှ မရှိခဲ့ ပေမယ့် Gym ကို တော့ ပုံမှန် စ သွားခဲ့ပါတယ်။ဗဟုသုတ မကြွယ်ဝ တာ ကြောင့်  workout လုပ်တဲ့ အခါ အဆင် မပြေတာ၊ထိခိုက်ဒဏ်ရာရနိုင်တဲ့ အ နေ အထားမျိုး တွေ အထိ ကြုံ ခဲ့ရပါတယ်။သူမ အသက် (၂၀) မှာတော့ အမျိုးသား တစ်ယောက်နဲ့ ဆုံ ခဲ့ပါတယ်။လက်ရှိ သူမ ရဲ့ သတို့ သားလောင်း ဖြစ်လာမယ့်သူပါ။သူက တော့ ကျန်းမာ ကြံ့ ခိုင်ရေး နဲ့ ပတ်သက်ပြီး ဗဟုသုတ ကြွယ်ဝ တာကြောင့် သူမကို ကောင်းကောင်း လမ်းညွှန် ပေးခဲ့ပါတယ်။နောက်ပိုင်း သူမကိုယ်တိုင် လည်း Fitness ပိုင်း ကို အရမ်း ၀ါ သနာ ပါလာပြီး ဒီလမ်းကြောင်း ပေါ် ရောက်လာခဲ့ပါတယ်။

အသက်(၂၇)နှစ်ရှိနေတဲ့ Kimura က တော့ လက်ရှိမှာ online coach နဲ့  Goodlife Health Clubs မှာ Trainer အဖြစ်နဲ့ အလုပ် လုပ် ကိုင် နေပါတယ်။ကိုဗစ်ကြောင့် အလုပ်နှစ်ခု ဆုံးရှုံးခဲ့ရပြီး ၀င်ငွေ နည်းပါး ခဲ့ရပါတယ်။” Coach နဲ့ Trainer ဖြစ်ချင်လာခဲ့တာ ကြာပါပြီ။ဒါ ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်း နေတာကြောင့် မလုပ် ခဲ့တာ ပါ..” လို့ ပြောခဲ့ပါတယ်။နောက်ဆုံး တော့အ ကြောက် တရား တွေကို ရင်ဆိုင်ပြီး ၀ဘ်ဆိုက် တစ်ခု ကို သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ထောင်ခဲ့ပါတယ်။


online fitness coaching business ကို စခဲ့ပါတယ်။သူမရဲ့ Customer တွေ အတွက်လည်း အ ကောင်းဆုံး ၀န်ဆောင်မှု ပေး နေပြီး တစ်ယောက်က ဆိုရင် သူမရဲ့ Team မှာ ပါဝင်ပြီး နောက် ပိုစားတယ်၊လေ့ကျင့်ရတာ ပိုကောင်းတယ်၊ရည်ရွယ်ချက်တွေ ပိုပြည့်ဝ လာသလို ခံစားရတယ် ဆိုပြီး ပြော လာ တယ်လို့ Kimura က ဆိုပါတယ်။

Meg Kimura  ရဲ့ လေ့ကျင့်ခန်း workout routine က တော့ Body အောက်ပိုင်းကို တစ်ပတ်နှစ်ရက်၊ အပေါ် ပိုင်းကို တစ် ပတ် နှစ် ရက်နဲ့ ကျန်တဲ့ တစ်ကိုယ်လုံး ဆော့တဲ့ full-body session ကိုတော့ တစ်ပတ် တစ်ရက် လုပ် ပါတယ်။Body နဲ့ ပတ်သက်ပြီး ပြောင်းလဲ ချင် သူတွေ အတွက်  Body ကို ပြောင်းလဲ ချင်ဇော နဲ့ ကိုယ့်ကိုယ်ကို အတင်း ဖိအားပေး ဒုက္ခ ပေး တာ မျိုး မလုပ် ပါနဲ့ လို့ အကြံပြု ခဲ့ပါတယ်။

 

View this post on Instagram

 

EAT MORE. STRESS LESS. 2013 to 2019 I don’t even recognise myself.

A post shared by MEG KIMURA ⋆ (@megkae) on

#SHWEMOM

SHARE