ကမ္ဘာ့အကြီးဆုံး Titanic ပုံစံတူသင်္ဘောအရုပ်ကြီးကို ဖန်တီးခဲ့တဲ့ autism ကောင်လေး

Facebook- Brynjar Karl

Titanic ဆိုတာ အပြင်မှာလည်း တကယ်ရှိခဲ့တဲ့ သင်္ဘောကြီးတစ်စီးဖြစ်တဲ့အပြင် ရုပ်ရှင်တွေ၊ ဝတ္ထုတွေမှာလည်း အရမ်းကို လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့နေခဲ့ပါတယ်။ ဒီလို ဒဏ္ဍာရီဆန်တဲ့ Titanic သင်္ဘောကြီးကိုလည်း လူတွေဟာနည်းမျိုးစုံကို ပြန်လည်ပုံဖော်ခဲ့ကြပါတယ်။ ပန်းချီတစ်မျိုး၊ ရုပ်ရှင်တွေထဲမှာတစ်မျိုး၊ ပန်းပုပညာတွေ၊ လက်မှုပညာတွေ စတဲ့ပေါင်းစုံသော ဖန်တီးမှုတွေနဲ့ ပုံဖော်ခဲ့ကြတာပါ။

အခုလည်း ဒီကောင်လေးဟာ lego အတုံးလေးတွေနဲ့ Titanic ပုံစံအတိုင်း ဖန်တီးခဲ့တာပါတဲ့။ ကောင်လေးနာမည်ကတော့ Brynjar Karl Bigisson ပါ။ Ieland ရဲ့ Reykjavik မှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ Autism တစ်ဦးပါ။

Facebook-Brynjar Karl
Facebook-Brynjar Karl

သူ့ရဲ့ဝွါသနာကတော့ lego တုံးလေးတွေနဲ့ အရုပ်လေးတွေ ဖန်တီးတာပါတဲ့။ ဒါကြောင့် အသက် ၁၀ နှစ်အရွယ်တုန်းက Titanic ရဲ့ပုံစံတူကို lego ရုပ်တွေနဲ့ ဖန်တီးခဲ့ပါသေးတယ်။ Lego အတုံးပေါင်း ၅၆,၀၀၀ ကို အသုံးပြုခဲ့ရပြီး နာရီပေါင်း ၇၀၀ တောင်အချိန်ပေးခဲ့ရပါတယ်တဲ့။ ၁၁ လတောင်ကြာမြင့်ခဲ့တယ်ပေါ့။ အဲဒီအချိန်တုန်းကတော့ lego ရုပ်တွေနဲ့ဖန်တီးခဲ့တဲ့ Titanic ပုံစံတူတွေထဲ အကြီးဆုံးအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

READ
သူဌေးဖြစ်မယ့် ပျင်းရိဖွယ်ကောင်းတဲ့အလုပ်မှ ထွက်ခဲ့ပြီး ဆာတေးရောင်းနေသူ
Facebook-Brynjar Karl
Facebook-Brynjar Karl

အခု သေင်္ဘာကြီးနစ်မြုပ်တာ ၁၀၈ နှစ်မြောက်တဲ့နေ့မှာကျတော့ Brynjar ဟာ lego နဲ့ သင်္ဘောလုပ်ခဲ့တဲ့အထဲ အကြီးဆုံးတင်မကတော့ဘဲ ကမ္ဘာ့အကြီးဆုံး Titanic သင်္ဘောပုံစံတူကြီးကို ဖန်တီးကြည့်ဖို့ စိတ်ကူးရသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ၂၆ ပေရှည်တဲ့ lego Titanic ကြီးကို စတင်ဖန်တီးခဲ့ပါတယ်။

Facebook-Brynjar Karl
Facebook-Brynjar Karl
Facebook-Brynjar Karl
Facebook-Brynjar Karl

ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သသင်္ဘေကြီးဟာ အရမ်းကြီးလွန်းတဲ့အတွက် တချို့အရေးမကြီးတဲ့အပိုင်တွေကို မိသားစုနဲ့သူငယ်ချင်းတွေက တစ်လှည့်ဆီ ကူညီတာကို သူက စီမံခန့်ခွဲပါတယ်တဲ့။ ကျောင်းကပြန်လာတိုင်း ဂိုဒေါင်ထဲမှာ ၄ နာရီလောက်ကြာအောင် အချိန် ၁၁ တောင် ဖန်တီးခဲ့ရပါတယ်တဲ့။

penny

SHARE