လတ်တလောသတင်းကြီးနေတဲ့ ကားဝင်တိုက်လို့ စက်ရုပ်သေသွားရတယ်ဆိုတဲ့အမှု

ဤယာဉ်မတော်တဆမှုဟာ Las Vegas ရဲ့ Paradise လမ်းမပေါ်မှာ ဇန်နဝါရီလ (၆) ရက်နေ့ (၂၀၁၉) က ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

နောက်ပိုင်း ကားအတိုက်ခံလိုက်ရတဲ့စက်ရုပ်အမျိုးအစားလိုမျိုးတွေကို ကြော်ငြာဆိုင်းဘုတ်တွေအစား အစားထိုးအသုံးပြုဖို့အတွက် အင်ဂျင်နီယာအချို့မှ ဖန်တီးခဲ့ကြပါတယ်။ ဒီလိုအစားထိုးအသုံးပြုလို့ရတယ်ဆိုတာကို CES ပြပွဲမှာပြသဖို့အတွက် Philadelphia မှ ပြပွဲနေရာသို့စက်ရုပ်တွေကို သယ်ယူပို့ဆောင်စဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

နစ်နာသွားခဲ့တဲ့ စက်ရုပ်ဟာ ကမ္ဘာကျော်စွန့်ဦးတည်ထွင်လုပ်ငန်းရှင် Elon Musk ရဲ့ ကုမ္ပဏီမှထုတ်လုပ်ထားတာဖြစ်ပြီး အနာဂတ်မှာ စီးပွားရေးလုပ်ငန်းတွေအတွက် ပါဝင်ကူညီပေးနိုင်မယ့် v4 model ဖြစ်ပါတယ်။ ယနေ့ခေတ်ပေါက်ဈေးအရဆိုလျှင်တော့ ဒေါ်လာ (၂) ထောင်တန်စက်ရုပ်တစ်ရုပ်ပါ။

Promobt

v4 စက်ရုပ်ရဲ့လုပ်ဆောင်ချက်တွေကတော့ လူသားတွေနဲ့စီးပွားရေးနဲ့သက်ဆိုင်တဲ့ မည်သည့်ခေါင်းစဉ်ကိုမဆိုဆွေးနွေးနိုင်ပြီး လူတွေရဲ့မျက်နှာတွေကို မှတ်မိနိုင်ပါတယ်။ ပြီးနောက်မေးခွန်းတွေကိုလည်း စနစ်တကျဖြေဆိုနိုင်မှာဖြစ်ပြီး လှုပ်ရှားမှုအတွက် sensor ပါရှိတာကြောင့် သွားလာတဲ့လမ်းကြောင်းပေါ်က အရာဝတ္ထုတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ခေါင်းပိုင်းနဲ့ လက်တံတွေကိုလည်း လိုသလိုလှည့်လည်အသုံးပြုနိုင်ပြီး display မျက်နှပြင်မှာလည်း အရာဝတ္ထုတွေရဲ့ပုံတွေကို ပေါ်စေပါတယ်။ Third party device တွေနဲ့ ဆက်သွယ်အသုံးပြုနိုင်ပြီး သက်ဆိုင်တဲ့ system တွေကိုလည်း ထပ်မံထည့်သွင်းနိုင်ပါသေးတယ်။

READ
လူနဲ့တိရစ္ဆာန်တွေကို တိုက်ခိုက်ခဲ့တဲ့ ဧရာမမိကျောင်းကြီးကို ဖိလစ်ပိုင်ရွာသားများရှာဖွေနေ

လက်တွေ့စီးပွားရေးနယ်ပယ်မှာတော့ ရုံးတစ်ရုံးရဲ့ admin နေရာ၊ အရောင်းမြှင့်တင်တဲ့နေရာ၊ ဧည့်ခံကြိုဆိုတဲ့နေရာ၊ ဆွေးနွေးသူ၊ မိုတယ် အဆောင်စတဲ့နေရာတွေအတွက် အိမ်စောင့်နဲ့ ပြတိုက်လမ်းညွှန်စတဲ့နေရာတွေမှာ လူအစားထိုးအသုံးနိုင်မှာဖြစ်ပါတယ်။

စက်ရုပ်တီထွင်တဲ့အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရတော့ ပြပွဲပြုလုပ်မယ့်အဆောက်အအုံထဲသို့မသွင်းရသေးတဲ့အချိန်၊ ည (၇) နာရီလောက်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ ဖန်တီးမှုတစ်ခုကိုဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ နစ်နာသူစက်ရုပ်ဟာ အလိုအလျောက်လမ်းမပေါ်သို့ သွားခဲ့တာဖြစ်ပါတယ်။

Promobt

လမ်းမတစ်နေရာအရောက်မှာတော့ စက်ရုပ်ဟာရပ်သွားပြီး ယာဉ်အဖြူရောင်မှ ဝင်တိုက်သွားခဲ့တာပါ။ CCTV မှတ်တမ်းကိုပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ တိုက်သွားတဲ့တရားခံယာဉ်ဟာ Tesla Model S ဆိုတဲ့ ယာဉ်အမျိုးအစားမှ ဝင်တိုက်သွားခဲ့တယယ်လို့ သိရပါတယ်။ Tesla Model S ဆိုတဲ့ ယာဉ်အမျိုးအစားဟာ မောင်းသူမဲ့ကားအမျိုးအစားဖြစ်ပါတယ်။

ကားဟာ self driving mode ကို ဖွင့်ထားပြီး ကားပေါ်မှာလည်း လိုက်ပါစီးနင်းလာတဲ့ လူတစ်ဦးပါရှိနေပါတယ်။ v4 စက်ရုပ်ကိုတိုက်မိပြီး မီတာ (၅၀) အကွာမှာ ထိုးရပ်သွားခဲ့ပါတယ်။ အတိုက်ခံရတဲ့စက်ရုပ်လေးကတော့ ကားတိုက်မိလိုက်တဲ့ဘေးဖက်မှာ ပြင်ဆင်လို့မရတော့လောက်အောင် ပျက်ဆီးသွားခဲ့ပမေယ့် ပြုံးပြုံးလေးနဲ့သာ ခါးဆီးခံနေခဲ့ပါတယ်။

READ
တရုတ်နိုင်ငံတွင် လူသားတို့ရဲ့ ရှေးကျတဲ့ ဘိုးဘေးအနွယ်ဝင်သတ္တ၀ါကို တူးဖော်တွေ့ရှိ
Promobt

ကားတိုက်သွားတဲ့ဒဏ်ကြောင့် စက်ရုက်ရဲ့ ကိုယ်ထည်၊ လက်မောင်းဖက်မှ စက်များ၊ လှုပ်ရှားမှုစနစ်တို့ ပျက်ဆီးခဲ့ရပါတယ်။

Promobt

ဒီယာဉ်တိုက်မှုဟာ လူသားတွေမပါဝင်ဘဲ စက်ရုပ်အချင်းချင်းဖြစ်ပွားကျူးလွန်ခဲ့တဲ့ ပြစ်မှုဖြစ်တာကြောင့် တစ်စုံတစ်ဦးကိုမျှ တရားဥပဒေအရ အရေးယူလို့မရခဲ့ပါဘူး။

Source: Unilad , Buzzfeed

Penny

 

 

SHARE