(၈) နှစ်ကတည်းက ရေအရင်းအမြစ်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နေခဲ့တဲ့ ကောင်မလေး

instagram/autumn.peltier

အခြားသော ဆယ်ကျော်သက်အရွယ် ကောင်မလေးတွေက ကျောင်းမှာ စာသင်ရင်း၊ ဆော့ကစားရင်းနဲ့ ကလေးသာသာ ရှိနေကြပေမယ့်  အခုတွေ့ရမယ့် ကောင်မလေး အော်တမ်ပယ်တီယေကတော့ လူကြီးတစ်ယောက်ရဲ့ အသိဥာဏ်မျိုးနဲ့ ကမ္ဘာ့အဆင့်ထိတောင် တက်လှမ်းခဲ့ပြီဖြစ်ကြောင်း elitereaders သတင်းကတဆင့် သိရပါတယ်။ အော်တမ်ဟာ ငယ်သေးပေမယ့် သူမဟာ အသက်(၈) နှစ်အရွယ်ကတည်းက ရေကို ဘယ်လိုခြိုးခြံချွေတာရမလဲဆိုတဲ့ အသိပညာတွေကို ဖြန့်ဝေပေးခဲ့သူ ဖြစ်ပါတယ်။

instagram/autumn.peltier

သူမဟာ လူသားတစ်ရပ်လုံး သန့်ရှင်းတဲ့သောက်သုံးရေရရှိရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီးလေးလည်း ဖြစ်ပါတယ်။ သူမက လူသားတွေ သောက်သုံးလို့ရတဲ့ ရေချိုဟာ ထိန်းသိမ်းရမှာ ဖြစ်ပြီး တစ်ကမ္ဘာလုံးက လူသားတွေအားလုံးဟာ စစ်မှန်တဲ့ ရေကောင်းရေသန့်ကို ရရှိသင့်တယ်ဆိုတဲ့ အယူအဆကို အားလုံးဆီ မျှဝေပေးခဲ့တာပါ။ သူမကို ရေစစ်သည်တော်လေးလို့လည်း ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။

READ
ဝေဟင်အမြင့် ပေသောင်းချီက လေထီးမပါပဲပြုတ်ကျပေမယ့် အသက်မသေခဲ့တဲ့အမျိုးသမီး
instagram/autumn.peltier

ဒါကြောင့် အော်တမ်ဟာ (၂၀၁၇) ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ ကလေးများ ငြိမ်းချမ်းရေးဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဆုတော့ မရရှိခဲ့ပဲ မိုဟာမက်အာဂျွန်ဆိုသူ ကောင်လေးက (၂၀၁၇) ခုနှစ်အတွက် ငြိမ်းချမ်းရေးဆု ရရှိသွားခဲ့ပါတယ်။ အော်တမ်ဟာ  ဆုမရရှိခဲ့ပေမယ့်လည်း ရေအရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ သောက်သုံးရေနဲ့ အရေးကြီးပုံတွေကို ယခုထက်တိုင် အသိပညာတွေ ဆက်လက်ဖြန့်ဝေနေဆဲပါပဲ။ အခုဆိုရင် အော်တမ်ဟာ အသက်(၁၅) နှစ်ပဲ ရှိပါသေးတယ်။

instagram/autumn.peltier

အောက်ဘက်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂမှာ ရေအရင်းအမြစ်တွေကို ကာကွယ်ကြဖို့ မိန့်ခွန်းပြောနေတဲ့ အော်တမ်ကို အခုလို တွေ့မြင်ရမှာပါ။

လင်းလင်း (ShweMom)

SHARE