စူပါဟီးရိုးနှစ်ဦးနမ်းတဲ့ပုံပါတဲ့ ကလေးကာတွန်းစာအုပ်ကြောင့် ဘရာဇီးမှာဂယက်ထ

pix 17 / Twitter

ဘရာဇီးနိုင်ငံမှာ စူပါဟီးရိုးယောက်ျားနှစ်ဦးနမ်းတဲ့ပုံပါတဲ့ ကာတွန်းစာအုပ်တစ်အုပ်ကို စာအုပ်ပြပွဲမှာ မပြသဖို့ ရီယိုဒီဂျနေးရိုးမြို့တော်ဝန် Marcelo Crivella က ပိတ်ပင်ဖို့ကြိုးစားခဲ့ပေမယ့် သူ့အစီအစဉ်မအောင်မြင်ဘဲ တရားရုံးက သူ့တားမြစ်မှုကိုပယ်ချခဲ့ပါတယ်။

ရီယိုရဲ့စာအုပ်အရောင်းပြပွဲမှာ ဒီစာအုပ်ကိုမပြသင့်ဘူးလို့ မြို့တော်ဝန်က စက်တင်ဘာ(၅)ရက်နေ့က  သူ့တွစ်တာအကောင့်မှာတင်ခဲ့ပေမယ့် သူပြောလိုက်ပြီးတစ်ရက်မှာပဲ အဲဒီစာအုပ်တွေအကုန်ရောင်းထွက်သွားခဲ့ပါတယ်။

 

လူကြီးမင်းတို့ ကျွန်တော်တို့ ကလေးတွေကို ကာကွယ်ဖို့လိုတယ်။ ပွဲစီစဉ်သူတွေကလည်း ကလေးတွေနဲ့မသင့်တော်တာတွေပါတဲ့စာအုပ်တွေကိုမထုတ်သင့်ဘူး။ သူတို့အရွယ်နဲ့မလိုက်ဖက်တဲ့ အကြောင်းအရာတွေကိုစောစောစီးစီး သိရှိဖို့ဆိုတာ လုံးဝမဖြစ်သင့်ဘူးလို့ Crivellaက တွစ်တာမှာပြောခဲ့တာပါ။ ဒါပေမယ့်လည်းစာအုပ်တွေကတော့ အားလုံးရောင်းထွက်သွားခဲ့ပါတယ်။

မြို့တော်ဝန်ဟာ Universal Church of the Kingdom of God ဧ၀ံဂေလိခရစ်ယာန်ဘုရားကျောင်းရဲ့ဘုန်းတော်ကြီးအဆင့်ရှိသူဖြစ်သလို၊ သူရေးသားခဲ့တဲ့(၁၉၉၉)စာအုပ်ထဲမှာ လိင်တူချစ်ကြိုက်ခြင်းဟာ ဆိုးဆိုးဝါးဝါးကြောက်စရာလို့ရေးသားဖူးခဲ့ပြီး၊ ဒီကိစ္စကြောင့်လည်းသူ့ကို ချက်ချင်းဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

 

မြို့တော်ဝန်မပြောခင်ကဒီအကြောင်းကို Rioကောင်စီအဖွဲ့ဝင် Alexandre Isquierdoဆိုသူကလည်း ဒီစာအုပ်တွေဟာ စိတ်ပျက်စရာရာဇ၀တ်မှုဘဲ၊ လိင်တူချစ်ကြိုက်တာတွေကို ကလေးတွေဆီ ကူးစက်အောင်လုပ်နေတယ်လို့ သူ့အင်စတာဂရမ်မှာပြောခဲ့ဖူးပါတယ်။

ဘရာဇီးကလေးသူငယ်နဲ့အရွယ်ရောက်လူငယ်များထိန်းသိမ်းရေးဥပေဒေအဖွဲ့ကတော့ စာအုပ်ထုတ်လုပ်သူတွေအနေနဲ့ စာအုပ်ထဲပါတဲ့အကြောင်းအရာကိုထိပ်စီးပိုင်းမှာဖော်ပြထားဖို့နဲ့အမှတ်တံဆိပ်ပြုလုပ်ဖို့လိုတယ်လို့ဆိုပါတယ်။

 

စာအုပ်ပြပွဲစီစဉ်သူတွေကတော့ ပွဲမှာစာအုပ်တွေ စုံစုံလင်လင်ဖြစ်အောင်နဲ့ လူရောက်ကြည့်ရှုသူတွေအနေကိုမတူညီတဲ့အကြောင်းအရာအမျိုးမျိုးကိုပြသချင်တာဖြစ်တယ်လို့ပြောပါတယ်။

 Khaing

 

 

SHARE