Avatar ကို ကျော်ပြီး Box Office မှာ နံပါတ် ၁ ချိတ်သွားခဲ့တဲ့ Avengers: Endgame

Avatar/20th Century Fox, Avengers: Endgame/MCU

ဒါရိုက်တာ James Cameron ရဲ့ Avatar ရုပ်ရှင်ဟာ Box Office နံပါတ် ၁ နေရာမှာ ရပ်တည်နေခဲ့တာ ၁၀ စုနှစ်တစ်ခု ရှိပါတော့မယ်။ ဒါပေမဲ့လည်း ၁၀ စုနှစ် မပြည့်ခင်အချိန်မှာပဲ သူ့နေရာမှာ Disney ရဲ့ Avengers: Endgame က အစားထိုးလို့ ဝင်ရောက်သွားခဲ့ပါတော့တယ်။

Avengers: Endgame/MCU

Box Office တန်ကြေး ၂.၇၈၈ ဘီလီယံဒေါ်လာရှိနေတဲ့ Avatar ကိုတော့ Avengers: Endgame ကနေ လက်ရှိ ၂.၇၈၉ ဘီလီယံဒေါ်လာနဲ့ အနိုင်ယူကာ နံပါတ်တစ်နေရာကို လှမ်းချိတ်သါားခဲ့တာပါ။ ဒီနေရာကို ရဖို့အတွက်ကိုတော့ Endgame ဟာ သမိုင်းဝင်ရုပ်ရှင်တွေဖြစ်တဲ့ Titanic တို့ Star Wars: The Force Awakens တို့လိုမျိုး သမိုင်းတွင်ရုပ်ရှင်ဇာတ်ကားတွေကိုလည်း အသီးသီးကျော်ဖြတ်ခဲ့ရပါသေးတယ်။

READ
ညို့အားပြင်းတဲ့ အလှကိုပေါ်လွင်စေတဲ့ ဝတ်စုံလေးနဲ့ ပွဲတက်လာခဲ့တဲ့ ရွှေအိမ်စည်
Avatar/20th Century Fox

Box Office ရဲ့ နံပါတ်တစ်နေရာကို ရသွားခဲ့တဲ့အတွက် Avengers အဖွဲ့သာတွေအနေနဲ့ရော Marvel Cinematic Universe ကြီး ၁၁ နှစ်လုံးလုံး ကျင်လည်အောင် ဖက်ပေါင်းစုံကနေ ကြိုးစားခဲ့ကြတဲ့ နေရာအသီးသီးကလူတွေရောပါ အားထုတ်ရကျိုးနပ်ခဲ့ပါတော့တယ်။

Avengers: Endgame/MCU

Endgame ဟာ စစချင်း တစ်က္ဘာလုံး စတင်ပြသတဲ့ ရက်သတ္တပတ်မှာတင်ကို အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံရရှိခဲ့ပြီး  ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံကို ၅ ရက်အတွင်း ရရှိခဲ့တာပါ။

Avatar/20th Century Fox

Penny

SHARE