Avengers: Endgame ကြည့်ပြိးသူတိုင်း ဘယ်ဇာတ်ကောင်တွေကတော့ သေသွားတယ်၊ ဘယ်ဇာတ်ကောင်တွေကတော့ ကျန်ခဲ့ပြီး ဘယ်လိုပုံမျိုးဖြစ်သွားတယ်ဆိုတာ သိသွားပြီးကြလောက်ပါပြီနော်။

နောက်ပြီး ရုပ်ရှင်ထဲက ဒိုင်ယာလော့လေး နှစ်ခုဟာဆိုရင်လည်း လူတိုင်းရဲ့ပါးစပ်ဖျားနဲ့ လူမှုကွန်ယက်ပိုစ့်တိုင်းလိုလိုမှာနေရာယူထားခဲ့ကြတာအခုထက်ထိပါပဲ။ “Whatever it takes” တို့ “I Love You 3000.” တို့ဆိုတာ သိပ်ကိုနာမည်ကြီးခဲ့ကြတာ အားလုံးသိကြမှာပါ။ ဒါပေမဲ့တစ်ကားလုံးမှာ “I Love You 3000.” ဆိုတာကတော့ လုံးဝအသက်ပါပဲ။

ဘာကြောင့်လဲဆိုတော့ Avengers: Endgame မှာ ဇာတ်သိမ်းသွားတဲ့အထဲ Tony Stark, Iron Man တစ်ယောက်လည်း ပါဝင်နေတာပါပဲ။ ဒါကြောင့်လည်း Tony Stark နဲ့ ရုပ်ရှင်ထဲက သူ့သမီးလေးတို့ ပြောခဲ့တဲ့ “I Love You 3000.” ဆိုတဲ့စကားလေးဟာ ဇာတ်ရှိန်ပိုမြှင့်ပေးပြီး ပရိတ်သတ်တွေကိုပိုဝမ်းနည်းအောင် အားပေးလိုက်သလိုပါပဲ။

တကယ်တော့ စစချင်း “I Love You 3000.” ဆိုပြီး ဒိုင်ယာလော့ရေးထားတာမဟုတ်ဘဲ “I Love You Tons” ဆိုပြီး ဇာတ်ညွှန်းရေးဆရာ Stephen McFeely က ရေးထားခဲ့တာပါ။ အဲဒီအချိန်မှာ Rony Stark နေရာမှာသရုပ်ဆောင်တဲ့ Robert Downey Jr. က “ကျွန်တော့်သမီးလေးတွေကတော့ “I Love You 3000.” လို့ပြောတာ” ဆိုပြီး ထပြောခဲ့တာပါ။

ဒါကြောင့်လည်း ဇာတ်ညွှန်းရေးဆရာက ဒိုင်ယာလော့ကိုပြန်ပြင်ပြိး Robert Downey Jr. နဲ့ သူ့သမီးလေးနဲ့သားလေးတို့ကြားက စကားလုံးလေးကို ချက်ချင်းအစားထိုးပြီးသုံးခဲ့တာဖြစ်ပါတယ်။

Source: Insider
Penny