COVID-19 စောင့်ကြည့်ရေး Map ကို စတင်တီထွင်ခဲ့တဲ့ ၁၇ နှစ်သားလေး Avi Schiffmann

Instagram/Avi Schiffmann

ncos2019.live ဆိုတဲ့ website ကတော့ ကမ္ဘာအနှံ့က COVID-19 သတင်းတွေကို အချိန်နဲ့တပြေးညီ နောက်ဆုံးသတင်းတွေကို တင်ပေးနေတဲ့ website တစ်ခုပါ။ နေ့စဉ်နဲ့အမျှ လူပေါင်း သန်းနဲ့ချီပြီး ဝင်ကြည့်လျက်ရှိနေပါတယ်။

avischiffmann

ဒီလိုမျိုး တစ်ကမ္ဘာလုံးအတွက် အကျိုးပြုပေးနေတဲ့ website ကို ထွင်ခဲ့သူကတော့ ဆယ်ကျော်သက်သာသာသာရှိသေးတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးပါ။ နာမည်ကတော့ Avi Schiffmann လို့ခေါ်ပါတယ်။ Washington ပြည်နယ်မှာ နေထိုင်လျက်ရှိနေပါတယ်။

Avi အနေနဲ့ ဒီ COVID-19 စဖြစ်ပွားနေပြီလို့ သတင်းတွေတက်တက်ချင်းမှာတင်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ပေးချင်တဲ့ စိတ်ဆန္ဒလေးပေါ်လာခဲ့တာပါ။ အဓိကကတော့ သတင်းအမှားတွေကြောင့် ပြည်သူတွေအနေနဲ့ အထိတ်တလန့်မဖြစ်ဖို့နဲ့ သတင်းအမှန်တွေကိုလည်း ချပ်လှပ်မခံထားရအောင် ပါတဲ့။ ဒါနဲ့ပဲ Avi ဟာ သူတတ်ကျွမ်းတဲ့ပညာရပ်ကို အသုံးချပြီး ကမ္ဘာအနှံ့က case တွေတိုင်း တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်အောင် map website တစ်ခုကို ထွင်ဖို့အတွက် အကြံရခဲ့ပါတော့တယ်။

READ
(၂၄)နှစ်ကြာ ကွဲကွာခဲ့ရတဲ့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးဖွယ် အဖြစ်အပျက်
ncov2019.live

ဒါနဲ့ပဲ Mercer Island အထက်တန်းကျောင်းသားလေးဟာ ချက်ချင်းဆိုသလို အကြံတွေကို အကောင်အထည်ဖော်ပြီး ၂၀၁၉ ဒီဇင်ဘာလထဲမှာပဲ website ကို ထုတ်ပြန်ခဲ့ပါတယ်။ စစချင်းမှာတော့ သတင်းအချက်အလက်တွေ စုံပေမယ့်လို့ website ရဲ့ အမြင်ကတော့ သိပ်မပြီးမလှပသေးပါဘူး။

Avi အနေနဲ့ သတင်းအချက်အလက်ကိုတော့ WHO တို့၊ Centers for Disease Control and Prevention တို့လို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ နိုင်ငံအသီးသီးရဲ့ အစိုးရမှ တရားဝင်ထုတ်ပြန်နေတဲ့ နေရာတွေဆီက ရယူနေတာပါ။ သူ့အနေနဲ့ website စထောင်ကတည်းက ယနေ့အချိန်အထိ တစ်နေ့ကို အချိန် ၆ နာရီပေးပြီး website ကို တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာအောင် လုပ်နေလေ့ရှိပြီး သတင်းအချက်အလက်တွေကိုလည်း ၁၀ မိနစ်ခြားတစ်ခါ update ပေးနေပါတယ်။

READ
ကလေးပေါင်း (၂.၄)သန်းကျော်ရဲ့ အသက်တွေ ကယ်တင်ခဲ့တဲ့ သြစတြေးလျနိုင်ငံက အဘိုးအို

https://www.instagram.com/p/B0CRVGslXrf/

avischiffmann

Website ထဲမှာ လူဘယ်နယောက်ကူးစက်ခံနေပြီ၊ ဘယ်နေရာတွေမှာ ရှိနေပြီဆိုပြီး အတိအကျဖော်ပြထားသလိုပဲ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဘယ်လိုဆင်ခြင်နေထိုင်သင့်တယ်ဆိုတဲ့အကြောင်းအရာတွေကိုလည်း သေချာဖော်ပြထားပါတယ်။

ncov2019.live

ဒီအပြင် ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း အခုလိုပဲ ကြည့်ရှုနိုင်ပါသေးတယ်။ Avi ရဲ့ website ကတော့ ကမ္ဘာပေါ်မှာ ပထမဆုံး COVID-19 နဲ့ပတ်သက်လို့ ပထမဆုံး map website လို့ဆိုရမှာပါပဲ။ Website ကိုတော့ ဒီမှာနှိပ်ပြီး ncov2019.live ကြည့်နိုင်ပါတယ်။

ncov2019.live

Penny

SHARE