ဒေ၀ါလီခံလိုက်ရပြီဖြစ်တဲ့ ကမ္ဘာ့ဒုတိယသက်တမ်းအရင့်ဆုံး လကြောင်းလိုင်းကုမ္ပဏီကြီး

Youtube-World's second oldest airline, Avianca, goes bust

လက်ရှိအချိန်ကတော့ တစ်ကမ္ဘာလုံး စီးပွားရေးပျက်ကပ်ဆိုက်နေပြီလို့ ပြောရပါမယ်။ အကြောင်းအရင်းကတော့ အခုအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါဆိုးကြီးကြောင့်ပါပဲ။ ဒီကပ်ဘေးကြီးကြောင့် လူတွေဟာ အိမ်ထဲကအိမ်အပြင် မထွက်ကြတော့သလို ဘယ်နေရာမှ မသွားရဲမလာရဲတွေ ဖြစ်ကုန်ပါပြီ။ ဒါ့အပြင် လူတွေ ဘယ်မှ မသွားတော့တဲ့အတွက်ကြောင့် လူတွေကို အမှီသဟဲပြုနေတဲ့ စားသောက်ဆိုင်တွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကတော့ အများဆုံး ထိခိုက်နနစ်နာကြရပါတယ်။

 

လေကြောင်းလိုင်းဆိုတာမျိုးကလည်း ခရီးသွားလာတဲ့သူရှိမှ အမြတ်ရတဲ့ လုပ်ငန်းမျိုးပါ။ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်သူမှခရီးသွားတာမရှိသလို နိုင်ငံတော်တော်များများရဲ့ လေဆိပ်တွေကလည်း ပိတ်ထားကြပါတယ်။ အခုပြောရမယ့် သတင်းကတော့ တော်တော် စိတ်မကောင်းစရာပါပဲ။ ကမ္ဘာပေါ်မှာ ဒုတ်ယအကြီးဆုံး လေကြောင်းလိုင်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Avianca လေကြောင်းလိုင်းဟာလည်း အခြေအနေအမျိုးမျိုးကြောင့် ကုမ္ပဏီဒေဝါလီခံသွားရကြောင်း Stuff.co.nz သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ကာမပိုင်ရှိတဲ့အမျိုးသမီးကို ကြာခိုခဲ့တဲ့အမျိုးသား လူမြင်ကွင်းမှာ ပြင်းထန်စွာနှိပ်စက်ခံရ

 

လက်တင်အမေရိကားလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Avianca လေကြောင်းလိုင်းဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးလေကြောင်းလိုင်း ကုမ္ပဏီကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Avianca လေကြောင်းလိုင်းကုမ္ပဏီဟာ ၁၉၁၉ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက တည်ထောင်ခဲ့ပြီး အခုဆိုရင်တော့ သက်တမ်းဟာ နှစ်ပေါင်း (၁၀၀)လောက် ရှိပါပြီ။ ဒီလောက်နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ကုမ္ပဏီကြီးတောင် ဒီလိုအခြေအနေမျိုးမှာ ဒေဝါလီခံခဲ့ရတာဆိုတော့ ကမ္ဘာ့စီးပွားရေးအခြေအနေက အဆိုးဝါးဆုံးကိုတောင် ရောက်နေပြီလို့ ခန့်မှန်းရပါတယ်။

READ
လီမင်ဟိုရဲ့အနမ်းကို မကြိုက်ဘူးလို့ပြတ်ပြတ်သားသားပြောခဲ့တဲ့ နာမည်ကြီးမင်းသမီး

“အဓိကကတော့ ကုမ္ပဏီရဲ့ တစ်လချို့ကိစ္စတွေမှာ ပေးစရာပိုက်ဆံတွေ တော်တော်များများရှိနေပါတယ်။ ကုမ္ပဏီရဲ့ ဝင်ငွေကလည်း ဒီကာလအတွင်းမှာ တော်တော်လေး အခြေအနေဆိုးပါတယ်။ ဒါ့အပြင် အစိုးရဘက်ကို ကုမ္ပဏီအနေနဲ့ ပေးရမယ့် အကြွေးတွေအတွက် ချေးငွေ လျှောက်ကြည့်ပါတယ်။ အဆင်မပြေခဲ့ပါဘူး။ ဒါ့ကြောင့် နောင်ဆုံးမှာ ဝမ်းနည်းစွာနဲ့ပဲ ကုမ္ပဏီဒေဝါလီခံဖို့ကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” လို့  Avinaca လေကြောင်းလိုင်းရဲ့ CEO ဖြစ်သူ Anko van der Werff က ပြောကြားခဲ့ပါတယ်။

Avinaca လေကြောင်းလိုင်းဟာ (၂၀၂၀)ခုနှစ် ပထမ(၄)လပတ်ကာလမှာပဲ ဒေါ်လာ(၁၈)ဘီလျံလောက် အရှုံးပေါ်ခဲ့လို့ ကိုလံဘီယာအစိုးရဆီမှာ တရားဝင် စာတင်ပြီး ဒေ၀ါလီခံခဲ့ရတာပါ။ ဒီဖြစ်ရပ်ကြောင့် Avinaca လေကြောင်းလိုင်းရဲ ၀န်ထမ်းပေါင်း(၂,၁၀၀၀)လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ကိုလံဘီယာ ဟိုတယ်နဲ့ခရီးသွားလာရေးအသင်းရဲ့ ဥက္ကဌ Gustavo Adolfo Toro ကတော့ ” Avinaca တောင် လက်ရှိကာလကို တောင့်ခံနိုင်စွမ်း မရှိရင် ကျန်တဲ့သူတွေ လည်း သိပ်မလွယ်လှဘူး။ အခုဆို ကျွန်တော်တို့ တစ်နေရာနဲ့ တစ်နေရာသွားဖို့ ပိုပြီး ခက်ခဲလာတော့မယ် ” ဆိုပြီး ၀မ်းနည်းစကား ဆိုခဲ့ပါတယ်။

Pyi Hein Kyaw

SHARE