မော်ဒယ်တစ်ဦးနဲ့ အခင်မင်လွန်နေတဲ့ ဘက်ခမ်းကို ဒေါသထွက်နေတဲ့ ဗစ်တိုးရီးယား

ဒေးဗစ်ဘက်ဟမ်းဟာ စူပါမော်ဒယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဟယ်လီနာ ခရစ္စတန်ဆန်နဲ့ ရင်းနှီးမှုကြီးထွားလာတဲ့အပေါ်မှာ ဘက်ဟမ်းရဲ့ ဇနီးသည် ဗစ်တိုးရီးယားက ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ဒေးဗစ်နဲ့ အသက်(၅၀) နှစ်အရွယ် ဟယ်လီနာတို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက မီယာမီပါတီပွဲတစ်ခုမှာ ခင်မင်ရင်းနှီးခဲ့ကြတာပါ။ တစ်ဦးနဲ့ တစ်ဦး နွေးနွေးထွေးထွေးရှိနေကြတဲ့ ဓာတ်ပုံကို ဟယ်လီနာက သူမရဲ့ အင်စတာဂရမ်ပေါ်မှာ “Ballin” ဆိုတဲ့ စာသားနဲ့ ပူးတွဲတင်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံမှာလည်း ဒေးဗစ်ရဲ့ လက်ဟာ ဟယ်လီနာ့ကျောပြင်ပေါ်မှာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

thesun

ဒါ့အပြင် ညပါတီတစ်ခုမှာလည်း ဒေးဗစ်ဟာ အသက်(၂၂) နှစ်ရှိပြီဖြစ်တဲ့ ဘယ်လာဟာဒစ် နဲ့ စကားလက်ဆုံကြပြီး ရင်းရင်းနှီးနှီးရှိတာကို မြင်ရပြီးနောက် ဗစ်တိုးရီးယားက အစိုးရိမ်ပိုခဲ့ပါသေးတယ်။ “ဗစ်တိုးရီယားက ဒေးဗစ်ကို အမျိုးသမီးဆယ်လီတွေနဲ့ ရင်းရင်းနှီးနှီးနေတာ မကြိုက်ဘူး။ သူက ဒေးဗစ်ကို သူနဲ့ပဲ အချိန်ဖြုန်းစေ့ချင်တယ်။ သဘာဝအားဖြင့် မိန်းမဆိုတော့ သ၀န်တိုတာပေါ့လေ…”

READ
ဘားအံရောက် ပုံရိပ်လေးတွေကို ဝေမျှလိုက်တဲ့ မေဂရေ့စ်
INSTAGRAM
COLLECT

“ဒေးဗစ်နဲ့ ဟယ်လီနာက အဲ့ဒီကတည်းကစလို့ အခုထိ အဆက်အသွယ်ရှိနေတုန်းပဲ။ ဘယ်လာနဲ့ ဒေးဗစ်ကလည်း အခုဆိုရင် မကြာခဏ အပြင်အတူသွားလာတာ ရှိတယ်။ ဗစ်တိုးရီးယာက မီယာမီပါတီပွဲအကြောင်းကြားတော့ မပျော်ဘူးလေ။ သူမှ ပွဲမတက်နိုင်တာ…”လို့ သတင်းဌာနတစ်ခုက ဆိုပါတယ်။

thesun

ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ဟာ အိမ်ထောင်သက်(၁၉) နှစ်ကြာပြီဖြစ်ပေမယ့် သူတို့ရဲ့ အိမ်ထောင်ရေးဟာ ခပ်လှုပ်လှုပ်ပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာတော့ အများအမြင်မှာ အားကျရလောက်တဲ့စုံတွဲဖြစ်ပေမယ့် လက်တွေ့မှာတော့ ထင်သလောက်ဟုတ်ပုံမရပါဘူး။ သူတို့နှစ်ယောက်ကို အကြီးမားဆုံးရိုက်ခတ်မှုဖြစ်စေတဲ့ ဖြစ်ရပ်ကတော့ (၂၀၀၄) ခုနှစ်မှာ ဘက်ဟမ်းဟာ သူ့ရဲ့အတွင်းရေးမှုးမဟောင်းဖြစ်တဲ့ အသက်(၄၁)နှစ်အရွယ် ရေဗက်ကာလူးစ်နဲ့ ကောလဟာလတွေ ထွက်လာအပြီးမှာ ဖြစ်ပါတယ်။

USA TODAY SPORTS

ဒေးဗစ်ဟာ ဘောလုံးလောကထဲက အနားယူပြီး နောက်နှစ်တွေမှာ ကျော်ကြားတဲ့ ဆယ်လီအမျိုးသမီးတွေနဲ့  Katherine Jenkins ၊ Charlize Theron ၊ Rosie Huntington-Whiteley ၊ Rita Ora ၊ Alexa Chung ၊ Poppy Delevingne တို့နဲ့ သို့လော သို့လောသတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဘက်ဟမ်းမိသားစုနဲ့ ရင်းနှီးတဲ့သူတစ်ဦးကတော့ “သူတို့အိမ်ထောင်ရေးမှာ အခုထိ ပြဿနာမရှိသေးပါဘူး..” လို့ မနေ့ညက ပြောပြခဲ့ကြောင်း သိရပါတယ်။

READ
ဂျင်းဖက်ရှင်နဲ့ အပြတ်လန်းနေတဲ့ သူတို့ (၃)ယောက်

လင်းလင်း (ShweMom)

Ref: thesun

SHARE