ကမ္ဘာမြေကြီးကို ရှုထောင့်တစ်မျိုးကမြင်စေမယ့် သဘာဝတောရိုင်းဓာတ်ပုံလေးများ

© Apratim Pal/TNC Photo Contest 2019

The Nature Conservancy ဆိုတာဟာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတစ်ခုပါ။ ၂၀၁၉ ခုနှစ်အတွက်ကိုတော့ နိုင်ငံပေါင်း ၁၅၂ နိုင်ငံက ဓာတ်ပုံပေါင်း ၁၂၁,၇၇၄ ပုံတောင် ပြိုင်ပွဲဝင်တွေပေးပို့ခဲ့ကြပါတယ်တဲ့။ ဒီပြိုင်ပွဲရဲ့အဓိက theme ကတော့ သဘာဝတရားကြီးကို ကျွန်တော်တို့မမြင်နိုင်တဲ့ ရှုထောင့်တစ်ခုကနေပြီး တင်ပြပေးနိုင်ရမှာပါ။ ဒီနှစ်အတွက် ဆုရဓာတ်ပုံတချို့ကိုတော့ အခုလိုပဲ Insider မှ ကိုးကားဖော်ပြပေးလိုက်တာကြောင့် ခံစားလိုက်ကြပါဦး။

ရေမှော်တွေကြားထဲက ငါးလေးရဲ့ဓာတ်ပုံကိုတော့ Micheal Gallagher က ရိုက်ကူးထားကာ “Gimme Shelter” နာမည်နဲ့ နှစ်သိမ့်ဆုရခဲ့ပါတယ်။

© Michael Gallagher/TNC Photo Contest 2019

နော်ဝေးက ပိုလာဝက်ဝံတစ်ကောင်ရဲ့ဓာတ်ပုံနဲ့ ပထမဆုရသွားခဲ့တဲ့ Fernando O’Farrill ရဲ့ Hope

© Fernando O’Farrill/TNC Photo Contest 2019

ကင်ညာကမြင်းကြားအုပ်ကြီးရဲ့ဓာတ်ပုံနဲ့ တတိယဆုရသွားခဲ့တဲ့ Yaron Schmid ရဲ့ “The Grevy’s Illusion”

READ
လူတိုင်းအစဉ်အဆက်မပြတ်လုပ်သင့်တဲ့အမှိုက်သိမ်း challenge သို့မဟုတ် #Trashtag
© Yaron Schmid/TNC Photo Contest 2019

ပုစဉ်းရင်ကွဲလေး ၃ ကောင်ရဲ့ပုံနဲ့ နှစ်သိမ့်ဆုရသွားခဲ့တဲ့ Guiseppe Bonali ရဲ့ “The Trio”

© Giuseppe Bonali/TNC Photo Contest 2019

Cuba, Varadero မှာ မုန်တိုင်းဝင်လုဆဲဆဲအခြေအနေကို မှတ်တမ်းတင်ထားခဲ့တဲ့ နှစ်သိမ့်ဆုရ Giovani Cordioli ရဲ့ Cuban Storm

© Giovani Cordioli/TNC Photo Contest 2019

Eibsee ရေကန်ရဲ့ နွေရာသီမြင်ကွင်းလေးကို Anskar Lenzen က “Refreshment” လို့ မှတ်တမ်းတင်ထားခဲ့ပြီး နှစ်သိမ့်ဆုရရှိခဲ့ပါတယ်။

© Anskar Lenzen/TNC Photo Contest 2019

Robert Potts ရဲ့ တတိယဆုရ “California Sea Lions”

© Robert Potts/TNC Photo Contest 2019

ဟောင်ကောင်က Victoria ဆိပ်ကမ်းရဲ့ မနက်ချိန်ခါဝေလီဝေလင်းမြင်ကွင်းလေးကို Tsz Ho Tse က “Morning Hong Kong” နာမည်နဲ့ဝင်ပြိုင်ခဲ့ပြီး နှစ်သိမ့်ဆုရရှိခဲ့ပါတယ်။

© Tsz Ho Tse/TNC Photo Contest 2019

flamingo ငှက်တွေ ရေပြင်ကို ဖြတ်ပျံနေတဲ့ Hao Jiang ရဲ့ “To the Lightning” လေးကတော့ ဒုတိယဆုရရှိခဲ့ပါတယ်တဲ့။

READ
ပြင်သစ်ကနေစတင်ခဲ့တဲ့ ဆယ်ကျော်သက်တို့ရဲ့ "Fill The Bottle" Challenge လေး
© Hao Jiang/TNC Photo Contest 2019

သြစတေးလျအနောက်ပိုင်းပင်လယ်ထဲက Alex Kydd ရဲ့ တတိယဆုရ “A Rare Encounter with Cownose Rays”

© Alex Kydd/TNC Photo Contest 2019

Drone နဲ့ရိုက်ထားတာဖြစ်ပြီး သြစတေးလျအနောက်ပိုင်းမှာရှိတဲ့ Hutt ရေကန်လေးရဲ့ ရှုခင်းလေးပါ။ ရှုခင်းဓာတ်ပုံဒုတိယဆုရ Leigh Miller ရဲ့ “Pink Lake”

© Leigh Miller/TNC Photo Contest 2019

နှစ်သိမ့်ဆုရခဲ့တဲ့ José David Altamirano González ရဲ့ “Furia”

© José David Altamirano González/TNC Photo Contest 2019

Penny

SHARE