စမတ်ဖုန်းသုံးရာမှာ လူတွေ အမှတ်တမဲ့နဲ့ သတိမထားမိကြတဲ့ အမှားများ

unsplash/Paul Hanaoka

ဖုန်းတွေဟာ လူသားတွေအတွက် အကျိုးရှိစေတယ်ဆိုတာ မှန်ပေမယ့် သူတို့ကို လူတွေရဲ့ အကောင်းဆုံးအဖော်လို့ သတ်မှတ်လို့ မရပါဘူး။ ဒါကြောင့် ပိုပြီး ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ နည်းပညာကို အသုံးပြုခွင့်ရအောင် စမတ်သုံးစဉ်လူတွေ ပြုလုပ်တတ်ကြတဲ့ အမှားတွေကို brightside ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ဖုန်းနဲ့ နီးနီးကပ်ကပ်မှာ အိပ်ခြင်း

ဆဲလ်ဖုန်းဆိုတာဟာ လျှပ်စစ်သံလိုက်အားကို လွှင့်ပေးတာနဲ့ ဖမ်းယူတဲ့အလုပ်လုပ်တဲ့ ကိရိယာ ဖြစ်ပါတယ်။ သူက ရေဒီယိုလှိုင်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ဖုန်းတွေကို လူတွေနားမှာ အကြာကြီးထားတဲ့အခါ ဖုန်းထဲက ထွက်တဲ့ လှိုင်းဟာ ဦးနှောက်ကို သက်ရောက်စေပါတယ်။ ဒီလှိုင်းတွေက လူရဲ့ အိပ်ချိန်စက်ဝန်းကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် လူကို မကြာခဏ နိုးစေပါတယ်။ အကောင်းဆုံးက airplane mode နဲ့ဖြစ်ဖြစ်၊ ဖုန်းကို စက်ပိတ်ပြီးပဲ ဖြစ်ဖြစ် အိပ်သင့်ပါတယ်။

unspalsh/Neil Soni

အကြာကြီး ဖုန်းသုံးခြင်း

ဆဲလ်ဖုန်းတွေကထွက်တဲ့ အပြာရောင်အလင်းဟာ မယ်လတိုနင်တွေ မထွက်နိုင်အောင် ကာဆီးနိုင်ပါတယ်။ မယ်လတိုနင် မထွက်တဲ့အတွက် လူက မအိပ်ချင်ပဲ မျက်လုံးတွေကြောင်လာတတ်ပါတယ်။ အပြာရောင်အလင်းတွေဟာ ခေါင်းမူး ခေါင်းကိုက်အပြင် မျက်လုံးနဲ့ အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေတာကြောင့် သတိပြုစရာပါပဲ။ ဒါကြောင့် အလင်းပြင်းအား အနည်းအများကို အလျော့အတိုးလုပ်ပြီး ချိန်ပြီးမှသာ ဖုန်းသုံးသင့်ပါတယ်။

READ
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပြီး ပြိုင်စံရှားတဲ့ ရှားရှားပါးပါးမိန်းကလေးတွေဆိုတာ..

Signal နည်းနေတုန်း အသုံးပြုခြင်း

ဆင်းမ်ကတ်ထည့်လိုက်တဲ့အခါ ဖုန်းရဲ့ ထိပ်နားမှာ လိုင်းဆွဲအား အနည်းအများကို ပြတဲ့ signal လေးတွေကို တွေ့ရတတ်ပါတယ်။ Disconnect: The Truth About Cell Phone Radiation ကို ရေးသားသူ စာရေးဆရာ ဒေါက်တာ ဒီဗရာဒါဗစ်စ်ကတော့ ဒီလိုမျိုးလိုင်းဆွဲအားနည်းနေတာက ဖုန်းအနေနဲ့ လိုတာထက်ပိုပြီး စွမ်းအင် စိုက်ထုတ်နေတယ်လို့ ပြဆိုတာဖြစ်ကြောင်း ပြောပြပါတယ်။ ဒေါက်တာကတော့ လိုင်းဆွဲအားနည်းတဲ့အချိန် အသုံးပြုတဲ့အခါ ကြာလာရင် ကျန်းမာရေးထိခိုက်နိုင်လို့ဆိုပြီး သတိပေးထားခဲ့တာ ဖြစ်ပါတယ်။

unsplash/ROBIN WORRALL

အရေပြားနဲ့ ထိထားခြင်း

ဖုန်းဟာ အရမ်းပူလွန်းပြီး ဖုန်းရဲ့transmission signal ဟာ 900 MHz ရှိခဲ့ရင် ကင်ဆာဖြစ်နိုင်ခြေရှိတဲ့အကြောင်း ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ပူနေတဲ့ဖုန်းကို လူဟာ အသားနဲ့ထိကိုင်ထားရင် ခန္ဓာကိုယ်ဟာ ဖုန်းအပူဓာတ်ကို စုပ်ယူပါလိမ့်မယ်။ ဒါကြောင့် ဖုန်းပြောတဲ့အခါ တတ်နိုင်ရင် နားကြပ်၊ စပီကာနဲ့ပြောပြီး ဖုန်းကို အသားနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကို ရှောင်ဖို့ ပညာရှင်တွေက သတိပေးထားပါသေးတယ်။

READ
ခေါင်းဆောင်မှုစွမ်းရည်မြင့်မားလာဖို့အတွက် ဒီအချက်တွေလုပ်ဖို့လိုပါတယ်

ကိုယ်နေဟန်ထား မှားယွင်းစွာနဲ့ ဖုန်းသုံးခြင်း

ဆဲလ်ဖုန်းတွေနဲ့ ပတ်သက်လို့ ကြုံတွေ့ရတဲ့ ရောဂါတွေထဲ text neck ဆိုတဲ့ ကျန်းမာရေးအခြေအနေတစ်ခုလည်း ရှိပါတယ်။ လူတွေဟာ ဖုန်းက စခရင်ကို ကြည့်ဖို့အတွက် လည်ပင်းကိုကုန်းပြီး ကွေးထားရာကနေ ကြာလာတော့ လည်ပင်းက အရိုးတွေပေါ်မှာ ဖိအားတွေ တဖြည်းဖြည်း ဖြစ်လာတာပါ။ အချိန်ကြာလာတဲ့အခါမှာတော့ ဖုန်းကြည့်တာ အနေအထားမမှန်တဲ့အတွက် ဖုန်းအသုံးပြုသူဟာ ကိုယ့်ခေါင်းရဲ့ နဂိုရှိတဲ့ ခေါင်းအလေးချိန်ထက် ငါးဆလေက် ခေါင်းပိုလေးလာတယ်လို့ ခံစားရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်တတ်နိုင်သမျှ ဖုန်းသုံးစဉ် လည်ပင်ရိုးကို တတ်နိုင်သမျှ မတ်မတ်ထားကြဖို့ ဆရာဝန်က အကြံပြုခဲ့တာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE