သင် လည်ပတ်ချင်စိတ်တွေပေါ်ပေါက်လာစေမယ့် ထူးခြားဆန်းပြားတဲ့ ဟိုတယ်များ

ခရီးသွား ၀ါသနာရှင်တွေအတွက် တခြား ဟိုတယ်တွေနဲ့ ယှဉ်ရင် သက်သာတယ်လို့ ပြောနိုင်ပြီး ထူးခြား ဆန်းသစ်မှုရှိတဲ့ ဟိုတယ်အချို့အကြောင်းဖြော်ပပေးချင်ပါတယ်။ တတ်နိုင်တဲ့အခါမှာ သွားဖြစ်အောင် သွားသင့်တဲ့ နေရာတွေလည်းဖြစ်ပါတယ်။

ဘူတာ ဟိုတယ်….
Spongecandybandit / Via reddit.com

အမေရိကန်နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံးမြို့တစ်မြို့လို့ သတ်မှတ်ရတဲ့ အင်ဒီယန်နားပူးလစ် မြို့ထဲက Crowne Plaza ဟာ အရင် ဘူတာဟောင်းကြီးကို တစ်ဖန်ပြန်လည်းအသုံးချပြီး ရှေးဟောင်း ရထားတွေကို တည်းခိုခန်း အသွင်ပြောင်းထားတာပါ။ ဟိုတယ်နဲ့ ချိတ်ဆက်ပြီး လည်ပတ်နေသေးတဲ့ ဘူတာရုံလည်းရှိသေးတဲ့အတွက် မီးရထားနဲ့ ပတ်သက်ရင် စိတ်ဝင်စား တက်ကြွသူတွေအတွက်တော့ အမိုက်စားဖြစ်မှာ အမှန်ပဲ။ အခန်းတွေက တစ်ညကို ဒေါ်လာ (၁၆၀) လောက်ကျသင့်တယ်လို့ သိရပါတယ်။

ရှန်းဟိုင်းနိုင်ငံက စွန့်ပစ် တိုက်တန်းလျားကြီးကို ပြောင်းလဲထားတဲ့ ဟိုတယ်
youtube

ဒီ ဟိုတယ်ရဲ့ တစ်ချို့အခန်းတွေက ကြမ်းပြင်တွေဟာ ရေမျက်နှာပြင်အောက် လုံးဝရောက်နေတာတွေရှိပါတယ်။ နည်းနည်းလေး လိပ်ပြာငယ်တဲ့ သူတွေအတွက် ရေပေါ်ခန်းတွေလည်းရှိပါတယ်။  Intercontinental Shanghai Wonderland က တစ်ညကို ဒေါ်လာ (၅၀၀) ပေးရတယ်လို့ သိရတယ်။

မက္ကဆီကန်တွေရဲ့ ကျေးလက်ဒေသ သဘာဝကို ခံစားနိုင်မယ့် အိမ်လေးတွေ

 

instagram

မက္ကဆီိကိုနိုင်ငံ့ Encuentro Guadalupe ဟိုတယ်ဟာ အခန်းကျဉ်းလေးတွေ၊ သီးသန့်ခန်းလေးတွေကို တောင်စောင်းပေါ်မှာ စီတန်းဆောက်လုပ်ထားပြီး ရေကူးကန်၊ အဲ့ဒီဒေသထွက် ၀ိုင်တွေမြည်းစမ်းလို့ရတဲ့ အခန်း၊ ဒေသထွက်ကုန် ပစ္စည်းတွေနဲ့ ပြင်ဆင်ထားတဲ့ ဟင်းလျားတွေကို သုံးဆောင်နိုင်တဲ့ စားသောက်ဆိုင်တို့ရှိပါတယ်။ ဒီ ဂေဟဗေဒစနစ်နဲ့ နှီနွှယ်တဲ့ အိမ်လေးတွေဟာ တစ်ညကို ဒေါ်လာ (၃၈၀) ကျသင့်တယ်လို့ သိရတယ်။

ငါးကန်အကြီးကြီးရှိတဲ့ ဟိုတယ်
instagram

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ Radisson Blu ဆိုတဲ့ ဟိုတယ်မှာ ဧရာမ ငါးကန်ကြီး တစ်ခုရှိပါတယ်။ အပေါ်အောက်တက်လို့ရတဲ့ ဓာတ်လှေကား အတွင်းမှာ ပါရှိပြီး ရေအောက် သက်ရှိလောကကို နာရီလက်တံအတိုင်း လှည့်ပတ်လေ့လာနိုင်ပါတယ်။ အခန်းတွေဟာ တစ်ညကို ဒေါ်လာ ၁၅၀ နဲ့ ၂၀၀ ကြားပေးရတယ်လို့ သိရတယ်။

ထောင်ထဲရောက်သွားသလို
Hotel Katajanokka / Via tripadvisor.com

ဖင်လန်နိုင်ငံ ဟယ်စင်ကီမြို့မှာရှိတဲ့ ဟိုတယ် Katajanokka ဟာ ၁၈၈၈ ခုနှစ်တုန်းက အသုံးပြုထားတဲ့ အကျဉ်းထောင်ကြီးကို အသွင်းပြောင်းထားတာဖြစ်ပါတယ်။ အခန်းတွေကို ခေတ်မှီ အသုံးအဆောင်တွေနဲ့ ပြန်လည်ပြင်ဆင်ထားပြီး အကျဉ်းထောင်ထဲမှာ နေရသလိုမျိုး မခံစားရစေဘူး။ ဟိုး အရင်တုန်းက ဟိုတယ်ကြီးရဲ့ ဘ၀ဟောင်းက အငွေ့အသက်တွေကို ကော်ရစ်ဒါနဲ့ ပြင်ပကိုကြည့်ရင်း ခံစားနိုင်တယ်။  တစ်ညကို ဒေါ်လာ (၁၉၀) ကျသင့်ပါတယ်။

READ
ကမ္ဘာ့အလှဆုံး လျှိုမြှောင်ချောက်ကမ်းပါးကြီးများ
ဗိုက်ကင်းတွေလို ခံစားရမယ့် ဟိုတယ်
Kolarbyn Ecolodge / Via wildsweden.com

အလယ်ခေတ်ကာလရဲ့ အငွေ့အသက် သဘာဝပတ်ဝန်ကျင် ခံစားမှု အတွေ့အကြုံတွေကို ဇိမ်ကျပြီး နှစ်လိုဖွယ် တဲအိမ်လေးတွေမှာ နေရင်း ဖွေရှာနိုင်မယ့် ဟိုတယ် ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံက Kolarbyn Ecolodge လို့ အမည်ရတဲ့ ဒီဟိုတယ်မှာ ၀ိုင်းဖွဲချက်ပြုတ် စားသောက်၊ ပြောဆိုနိုင်မယ့် သစ်လုံးအိမ်ကြီးတွေရှိတယ်။ ရေကန်ထဲမှာ ချွေးထုတ်ခန်း ဆောက်ထားတာလည်းရှိတယ်။ ဒီ ဟိုတယ်ကတော့ သုံးညကို ဒေါ်လာ (၇၅၀) ကျသင့်မှာဖြစ်ပါတယ်။

ကျောက်ဂူ ဟိုတယ်
Kokopelli’s Cave / Via kokoscave.us

နယူး မက္ကဆီကို က လာ ပလေတာ မြစ်ဝှမ်းဒေသရှိ ကျောက်တောင်တွေထဲမှာ တည်ဆောက်ထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။ အခန်းပေါင်းများစွာ ပါဝင်ပြီး ရှေး အမေရိကန်လူမျိုးတို့ရဲ့ နေထိုင်မှုပုံစံ၊ အပြင်အဆင်၊ တောင်ကျရေတံခွန် ရေပန်းနဲ့ ရေနွေးစိမ်ကန်တို့ ပါတဲ့ ရေချိုးခန်းတွေ ထည့်သွင်း တည်ဆောက်ထားတဲ့ အခန်းတွေဖြစ်ပါတယ်။  လေအေးပေးစက်မပါသလို၊ အပူချိန်ဆိုတာလည်း မရှိတဲ့ တကယ် လှိုဏ်ဖြစ်တယ်။ ဒါပေမယ့် တစ်နှစ်ပတ်လုံး အပူအချိန် ၆၈ ကနေ ၇၀ ဒီဂရီကတော့ ပုံသေရှိတယ်လို့ သိရတယ်။ ဟိုတယ်ခန်းတွေရဲ့ ဈေးနှုန်းကတော့ အတက်အကျရှိပြီး ပုံသေမရှိပါဘူး။ Kokopelli’s Cave မှာ စုံစမ်းနိုင်ပါတယ်။

ဟယ်ရီပေါ်တာ ကျောင်းရောက်သွားသလို
Daniel Dalton / BuzzFeed

လန်ဒန်မြို့က Georgian House Hotel မှာရှိတဲ့ ဒီ အခန်းက ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲက ဂရစ်ဖင်းဒေါ အဆောင်ရဲ့ အိမ်ဆောင် အပြင်အဆင်တွေအတိုင်း အသေးစိတ် မွမ်းမံထားပြီး ညတာတွေကို Hogwarts မှာ ရောက်နေသလို စုန်းကဝေဆန်ဆန် ဖြတ်သန်းရမှာပါ။ တစ်ခန်ကို တစ်ည ဒေါ်လာ (၃၅၀) ကျသင့်တယ်လို့သိရပါတယ်။

 

စာဂျပိုးတို့အတွက် အသိုက်
Library Hotel / Via instagram.com,

နယူးယောခ့်မြို့မှာရှိတဲ့ The Library Hotel ကတော့ စာဖတ်ဝါသနာရှင်တို့ သိပ် သဘောတွေ့မယ့် နေရာတစ်ခုဖြစ်ပါတယ်။ စာအုပ်တွေကို စိတ်ကြိုက်ငှားရမ်း ဖတ်ရှုခွင့်ရှိမယ့် ဂုဏ်ဆောင် စာကြည့်တိုက်ကြီး ရှိတယ်။ အင်တာနက်ကနေ ရောင်းအားအကောင်းဆုံး စာအုပ်တွေကို နေထိုင်စဉ်အတွင်း ဒေါင်းလုတ်ဆွဲ ဖတ်ရှုနိုင်မယ်။ တည်းခိုမယ်ဆိုရင်တော့ တစ်ညကို ဒေါ်လာ (၃၅၀) ကျသင့်မှာဖြစ်ပါတယ်။

READ
ရင်သပ်ရှုမောဖွယ် ရေခဲမြို့တော်ကြီးအဖြစ် တွေ့မြင်ရတဲ့ ကမ္ဘာ့အကြီးဆုံး ဆောင်းပွဲတော်
သစ်လုံးအိမ်တွေမှာ နေပြီး သစ်လေကိုရှုရှိုက်ချင်ရင်တော…
Treehouse Point / Via treehousepoint.com

ဝါရှင်တန်မြို့မှာရှိတဲ့ Treehouse Point ဟာ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဆီတဲလ် ကနေ မိနစ် ၃၀ ဆယ်လောက် ဆက်သွားရပါတယ်။ သစ်လုံးအိမ်လေးတွေကို အိပ်စက် အနားယူလို့ရပြီး အခမ်းအနား၊ ပွဲတွေကျင်းပလို့ရတဲ့ အထိဖြစ်အောင် ဆောက်လုပ်ထားတယ်။ သစ်လုံးအိမ်ဖြစ်တာကြောင့် ရေချိုးခန်းမပါဝင်ပေမယ့် ဘုံသုံး ရေချိုးခန်းတွေရှိတယ်။ ကြိုတင် ဘွတ်ကင် ချိတ်လို့မရပါဘူး… ဈေးအတက်အကျ၊ အခါကြီး ရက်ကြီးနဲ့ လိုက်ပြီး ဈေးအပြောင်းအလဲ ရှိလို့ဖြစ်ပါတယ်။

အက်စကီမို အိမ်လေးတွေ 
instagram

ဖင်လန်နိုင်ငံမှာရှိတဲ့ Kakslauttanen ဟိုတယ်ဟာ အက်စကီးမိုးအိမ် ပုံစံအတိုင်းယူပြီး မှန်နဲ့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ အခန်း ပိုကျယ်တာလိုချင်ရင်လည်း ရိုးရာ သစ်လုံးအိမ်တွေ၊ သစ်လုံး နဲ့ နှင်းအိမ် ပေါင်းစမ်းထားတဲ့ အခန်းတွေစသဖြင့် ရှိပါတယ်။ အခန်းတွေက သာမန်အားဖြင့် ဒေါ်လာ (၃၈၀) လောက်က စပြီး မှန်ခန်းတွေက ၁၀၀ လောက် ပိုပေးရတယ်လို့ သိရတယ်။

ဖန်ကြမ်းပြင် အိမ်
Bambu Indah / Via bambuindah.com

 

Udang House ဆိုတာက အင်ဒိုနီးရှားနိုင်ငံက  Bambu Indah ဟိုတယ်မှာ ရှိတဲ့ မှန်ကြမ်းပြင်နဲ့ အခန်းဖြစ်တယ်။ ရိုးရာ ပုဇွန်၊ ငါး အိမ်တွေရဲ့ အငွေ့အသက်တွေကို ယူပြီး ဆောက်လုပ်ထားက အဏ္ဍ၀ါသက်ရှိတွေ အောက်မှာ လူးလားကူးခတ်နေတာကို မြင်တွေ့နိုင်ပါ။ Udang House တွေက တစ်ခန်းကို တစ်ည ဒေါ်လာ (၂၂၅) ကစပြီး အိမ်ကြီးတွေကတော့ ဒေါ် (၄၈၅) နဲ့ အထက်မှာ ရှိတယ်လို့ သိရပါတယ်။

Matthew

Ref : Buzzfeed

 

 

 

SHARE