သံပုရာသီးတစ်ခြမ်းကို အိပ်ယာနားမှာထားအိပ်ရင် ရလာမဲ့အံသြစရာရလဒ်(၆)မျိုး

brightside

သံပုရာသီးဟာ ၄င်းမှာပါဝင်တဲ့ ဗီတာမင်စီကြောင့် အစွမ်းထက်ပြီး ကောင်းကျိုးအာနိသင်တွေ ဖြစ်စေတာကို လူတိုင်း သိကြပါလိမ့်မယ်။ စွမ်းအားမြင့် သံပုရာသီးကို ဖျော်ရည်တွေ၊ ဟင်းပွဲတွေမှာ ထည့်သွင်းစားသုံးလေ့ ရှိကြသလို အအေးမိ ဝေဒနာကို ကုသဖို့အတွက်လည်း အသုံးပြုကြပါတယ်။ ဒါကတော့ လူအများစု သိထားကြတဲ့ အသုံးဝင်ပုံတွေဖြစ်ပြီး သူ့ရဲ့ လူသိပ်မသိသေးတဲ့ ကောင်းကျိုးတွေ ရှိနေပါသေးတယ်။ သံပုရာသီးတစ်ခြမ်းကို အိပ်ယာဘေးနားမှာ ထားအိပ်တဲ့အခါ အံ့သြစရာ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

၁. စိတ်ကိုလန်းဆန်းစေခြင်း

shutterstock/By stockfour

သံပုရာသီးတစ်ခြမ်းကို အိပ်ယာဘေးမှာ ထားအိပ်တဲ့အခါ သင်းပျံ့လန်းဆန်းစေတဲ့ သံပုရာရနံ့ကြောင့် အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး စိုးရိမ်သောကတွေကို ဖယ်ရှားပေးကာ တစ်နေ့တာလုံး လှုပ်ရှားရုန်းကန်ခဲ့ရသမျှကို လန်းဆန်းသက်သာ စေပါတယ်။ သံပုရာသီးအစစ်ကို ခြမ်းပြီး ထားနိုင်သလို သံပုရာသီးကနေ ထုတ်ထားတဲ့ lemon essential oil ကိုလည်း ရနံ့ရအောင် အသုံးပြုနိုင်ပါတယ်။

READ
2 နှစ် သမီးလေး ကားမောင်းနေတဲ့ဗွီဒီယိုဖိုင်အပေါ် မိဘများ ပြင်းထန်စွာ ဝေဖန်ခံနေရ

၂. အာရုံစိုက်နိုင်စွမ်း ပိုကောင်းလာခြင်း

သံပုရာသီးရဲ့ အံ့အားသင့်စရာ အကျိုးကျေးဇူးတစ်ခုကတော့ သူ့ရဲ့ရနံ့ပဲ ဖြစ်ပါတယ်။ သံပုရာရနံ့ကို နေ့စဉ် ရှုရှိုက်တဲ့အခါ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာပြီး မှတ်ဥာဏ်နဲ့ ဦးနှောက်စွမ်းအင်တွေကိုလည်း တိုးတက်လာစေပါတယ်။ သံပုရာရနံ့ လေး ရနေတဲ့အခါ လုပ်ငန်းခွင်မှာတောင် ပိုပြီးအမှားလုပ်တာ နည်းလာကြတယ်လို့ ဆိုပါတယ်။ ဒီသုံးသပ်ချက်ကတော့ ဂျပန်က ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်မှုအရ ဖြစ်ပါတယ်။

၃. အင်းဆက်ပိုးမွှားတွေရန်က ကာကွယ်ပေးခြင်း

ခြင်၊ ယင်၊ ပုရွက်ဆိတ်အစရှိတဲ့ အင်းဆက်ပိုးမွှားတွေဟာ သံပုရာရနံ့ ရနေတဲ့ နေရာမှာ ခိုအောင်းလေ့ မရှိကြပါဘူး။ အင်းဆက်သတ်ဆေးတွေနဲ့ နှိမ်နင်းခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ရခြင်းကနေလည်း ကင်းဝေးစေပါလိမ့်မယ်။ ပိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရရှိဖို့ လေးညှင်းပွင့်ကိုပါ အသုံးပြုနိုင်ပါတယ်။

၎. အခန်းတွင်းလေထုကို သန့်စင်စေခြင်း

သံပုရာရနံ့ဟာ စိတ်ကြည်လင်လန်းဆန်းစေရုံမျှသာ မဟုတ်ဘဲ လေထုအတွင်းက ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကိုပါ ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ချိန် အခန်းထဲမှာ သံပုရာအခြမ်းလေးကို ထည့်ထားတဲ့အခါ သန့်ရှင်းတဲ့ လေကို ရှုရှိုက်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်စေပါလိမ့်မယ်။

READ
လမ်းပြခွေးနဲ့အတူလာတဲ့ မျက်မမြင်အမျိုးသားကို အရှက်ရစေခဲ့တဲ့ စားသောက်ဆိုင်

၅. သွေးတိုးရောဂါကို သက်သာစေခြင်း

သွေးတိုးရောဂါဟာ လူအများစု ခံစားနေကြရတဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး အသံတိတ် လူသတ်သမားလို့တောင် ဆိုနိုင်ပါတယ်။ သံပုရာရနံ့ကို နေ့စဉ် ရှုရှိုက်ခြင်းအားဖြင့် သွေးတိုးကျစေနိုင်ပါတယ်။

၆. စိတ်ခံစားမှုကောင်းစေခြင်း

Shutterstock/HBRH

Lemon essential oil (သို့မဟုတ်) သံပုရာရနံ့ဟာ စိတ်ကျရောဂါအတွက် အကောင်းဆုံးသော ကုသနည်းတစ်ခု ဖြစ်တယ်လို့ ပညာရှင်များက ဆိုကြပါတယ်။ ဒါကြောင့် အမြဲတမ်း စိတ်မကြည်မလင် ဖြစ်နေပြီး စိတ်ဓာတ်ကျ၊ အားငယ်တဲ့ ဝေဒနာကို ခံစားနေရသူများအတွက် အခြားကုသနည်းများက အစွမ်းမထက်ဘူးလို့ ခံစားရပြီး ကြိုးစားဖို့ ငြီးငွေ့လာတဲ့အခါ အဖိုးနှုန်းသက်သာပြီး အစွမ်းထက်လှတဲ့ ဒီအသီးလေးကို အသုံးပြုကြည့်ပါလို့ အကြံပြုချင်ပါတယ်။

Source: brightside

SHARE