ပြည်သူတွေအတွက် အဆင်ပိုပြေစေတဲ့ နိုင်ငံအနှံ့မှ အမိုက်စား တီထွင်မှုများ

မလိုအပ်ဘူးလို့ ထင်ရပေမယ့် အောက်မှာ ဖော်ပြထားတဲ့ တီထွင်မှုလေးတွေကြောင့် ပြည်သူတွေရဲ့နေ့စဉ်လှုပ်ရှားသွားလာနေရတာတွေ အနည်းနဲ့အများတော့ ပိုအဆင်ပြေသွားစေခဲ့ပါတယ်။ သူမတူအောင် စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ တီထွင်မှုတွေဟာ ဘာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ကြပါဦးနော်။

Finland ရဲ့ ဘတ်စ်ကားတွေပေါ်မှာ တွေ့ရတတ်တဲ့ ခလုတ်ကလေးပါ။ ဘတ်စ်ကားမောင်းဆရာကို ကျေးဇူးတင်တယ်ပြောချင်ရင် ခလုတ်ကလေးကို နှိပ်လိုက်ရုံပါပဲ။

reddit

တောင်ကိုရီးယားရဲ့ smart parking lots တွေပါ။

Instagram

ဂျပန်ရဲ့အိမ်သာ တော်တော်များများမှာ အပေါ့သွား၊ အလေးစွန့်ပြီးတဲ့အခါ ရေဖြန်းခိုင်းဖို့အတွက် လုပ်ဆောင်ချက်ပါရှိတဲ့အပြင် အလေးသွားတဲ့အခါ ထွက်တဲ့အသံများကို အပြင်မှ မကြားနိုင်အောင် တီးလုံးသံနဲ့ ဖုံးလို့ရတဲ့စနစ်လည်း ပါရှိပါတယ်။

reddit

အီတလီမှာက ယာဉ်ကြီးတွေမဝင်နိုင်တဲ့ လမ်းကြားလေးတွေရှိတဲ့အတွက် အဲဒီလမ်းကြားလေးတွေထဲ ပစ္စည်းသယ်ပို့ချင်တဲ့အခါ UPS စက်ဘီးလေးတွေကို ငှားရမ်းလို့ရပါတယ်။

reddit

ဂျပန်ရဲ့တီထွင်ပုံကောင်းပုံများ ဘီးလုံးတွေကိုကြည့်။

reddit

Finland မှာပါပဲ။ ဘတ်စ်ကားပေါ်မှာ အားသွင်းလို့ရတဲ့ USB အပေါက်လေးတွေပါ။

READ
သွားတိုက်ဆေး ရဲ့ လူသိနည်းသော တခြားအသုံးဝင်ပုံများ
reddit

တောင်ကိုရီးယားမှာတော့ မုန့်စားတဲ့အခါ လက်ပေးခြင်းနံခြင်းမရှိအောင် အခုလို ပလတ်စတစ်အစွတ်လေးတွေ ရှိပါတယ်။

reddit

ဆွစ်ဇလန်မှာတော့ အမျိုးသမီးတွေလုံခြုံရေးနဲ့ အဆင်ပိုပြေစေဖို့အတွက် အပေါက်ဝနဲ့ နီတဲ့နေရာမှာ သီးသန့်ပါကင်နေရာ ထားပေးထားပါတယ်။

reddit

သြစတေးလျမှာတော့ ဖုန်းအားသွင်းချင်တဲ့အခါ ပန်းခြံလေးတွေမှာ ချထားပေးတဲ့ စက်ဘီးကိုနင်းပြီး အားသွင်းနိုင်ပါတယ်။

reddit

UK မှာတော့ အသုံးမလိုတော့တဲ့ တယ်လီဖုန်းရုံတွေကို နှလုံးပြန်ခုန်စက်တွေ အစားထိုးတပ်ဆင်ကာ လမ်းမပေါ်မှာ နေရာချပေးထားပါတယ်။

reddit

စက်ဘီးများအတွက် သီးသန့်မီးပွိုင့်ပါ။

reddit

တရုတ်ပြည်က အငှားကားတော်တော်များများမှာ လေစနစ်ကောင်းမွန်စေရန် ကားထဲအပင်ထားတာတွေ စတင်လုပ်ဆောာင်နေပါပြီ။

reddit

Source: Bright Side

Penny

SHARE