တောထဲမှာ တစ်ကောင်တည်းသာ ကျန်ရှိတော့တဲ့ ကျားသစ်နက်ကြီးရဲ့ အမိုက်စားဓာတ်ပုံများ

[email protected] shaazjung

ကိုယ့်ဝါသနာအနောက်ကိုလိုက်ရင်း ဝမ်းစာရှာဖွေတာဟာ ပျော်ဖို့အကောင်းဆုံးအလုပ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့အရာနဲ့ လုပ်သင့်တဲ့အရာဟာ ထပ်တူကျဖို့ ရှားပါတယ်။ တစ်နည်းပြောရရင် ဝါသနာနဲ့ ဝမ်းစာရှာဖို့ အလုပ်ဟာ ထပ်တူကျဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် Shaaz Jung လို့ အမည်ရတဲ့ တောတွင်းဓာတ်ပုံရိုက်ပညာရှင်ကတော့ ဝါသနာနဲ့ ဝမ်းစာရှာဖွေမှုဟာ ထပ်တူကျခဲ့ပါတယ်။

အပေါ်မှာပြထားတဲ့ ကျားသစ်နက်ကြီးကတော့ Shaaz ကိုယ်တိုင် ရိုက်ထားတဲ့ ပုံတစ်ပုံပါ။အဆိုပါကျားသစ်နက်ကြီးဟာ အိန္ဒိယနိုင်ငံ၊ Karnataka ပြည်နယ်ရှိ Kabini တောထဲမှာ တစ်ကောင်တည်းသာရှိတော့တဲ့ ကျားသစ်နက်ကြီးတစ်ကောင်ပါ။ Shaaz ဟာ ဒီကျားသစ်နက်ကြီး Kabini တောထဲမှာ ရှိတယ်ဆိုတဲ့ သတင်းကြားကြားချင်း အဆိုပါကျားသစ်နက်ကြီးရဲ့ ဘဝနေထိုင်လှုပ်ရှားမှုတွေကို Documentary ရိုက်ကူးဖို့ ဆန္ဒရှိခဲ့ပါတယ်။

ဒါ့ကြောင့်လည်း အဆိုပါတောထဲကို Shaaz နဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ ကိုယ်တိုင်သွားရောက်ပြီး လေ့လာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အချိန်ကတော့ ဒီဇင်ဘာလ ၂၀၁၇ ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့ပြီး ဇန်နဝါရီလ ၂၀၂၀ မှာ ရိုက်ကူးပြီးစီးခဲ့ပါတယ်။ အချိန်အားဖြင့်တော့ ၂နှစ်ခွဲနီးပါး ကြာာမြင့်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကုန်သွားတဲ့အချိန်နဲ့ တန်တဲ့ ကျားသစ်နက်ကြီးရဲ့ အမိုက်စားဓာတ်ပုံတွေနဲ့ ရုပ်ရှင်တစ်ကားနီးပါးကြာမြင့်တဲ့ အဆိုပါကျားသစ်နက်ကြီးရဲ့ Documentary ကို ရရှိခဲ့ပါတယ်။

“ဒီကောင်ကြီးက တော်တော်ရှားပါးတဲ့ သတ္တဝါကြီးဗျ။ ဒီအချိန်အထိ အသက်ရှင်အောင် ထိန်းသိမ်းပေးပြီး ကျွန်တော်တို့အဖွဲကို အစစအရာရာကူညီပေးခဲ့တဲ့ Karnataka သစ်တောရေးရာဌာနကို တော်တော်ကျေးဇူးတင်ပါတယ်။ ဒီလိုပဲရှားပါးတန်ဖိုးကြီးတဲ့ သတ္တဝါတွေက အိန္ဒိယနိုင်ငံက သစ်တောတော်တော်များများမှာ ရှိပါတယ်။ နောက်လည်း ဒီလိုတိရစ္ဆာန်တွေ မျိုးမတုံးမပျောက်ကွယ်သွားဖို့ မျှော်လင့်ပါတယ်။ ဒီကျားသစ်နက်ကြီးနဲ့ပတ်သတ်ပြီး ကုန်ခဲ့ရတဲ့အချိန်တွေက တော်တော်ကြာပေမယ့် တစ်သက်မမေ့နိုင်ပါဘူး။ ဒီကောင်ကြီးက ဓာတ်ပုံထဲမှာထက် အပြင်မှာ တော်တော်လှတယ်ဗျ” လို့ Shaaz က ပြောကြားခဲ့ပါတယ်။

View this post on Instagram

I studied the jungle and drew intricate patterns of shadow art, tracked creatures of the moon with an astrological chart, I’ve seen the flight of a Ghost-bird and how it changed through the seasons, how her swan-song summoned a Phoenix to defeat all the demons, I’ve followed the sun through its cycles, followed ancient tribes who gathered their disciples, I’ve immersed myself in the jungles endless knowledge bases, but not a step closer to understanding the basics. . . For a moonlit vibe, who better than the night himself? It’s hard to comprehend how easily this animal would probably blend into the night. Hard to visualise how ethereal it may be to see him in nothing but the moonshine. As obscure as darkness, we’d be oblivious to his presence but for the occasional hints of luminous eyes and white canines. In search of the unknown, here’s a visual concept of what it could look like, however the real magic that resonates around it lies in the fact that we will never know. . . #shaazjung #nikon #nature #wildlife #wildlifephotography #earthpix #blackpanther

A post shared by Shaaz Jung (@shaazjung) on

Pyi Hein Kyaw

SHARE