ထောင်သားတွေရဲ့ဘ၀ကို ကြောင်လေးတွေနဲ့ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အကျဉ်းထောင်

purrfectpals.org

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာရှိတဲ့ အကျဉ်းထောင်တစ်ခုဟာ ထောင်သားတွေအဖော်ရစေဖို့အတွက် ပိုင်ရှင်မဲ့ကြောင်လေးတွေကို မွေးမြူထားကြောင်း elitereaders သတင်းအရ သိရပါတယ်။ ထောင်ထဲကြောင်လေးတွေ မွေးထားတာက အကျဉ်းသားတွေအနေနဲ့ အဖော်ဖြစ်စေသလို လူနဲ့နေရတဲ့အတွက် ကြောင်လေးတွေအတွက်လည်း ကောင်းမွန်စေပါတယ်။

purrfectpals.org

အခုလို အကျဉ်းထောင်တွေထဲ ကြောင်မွေးခွင့်ပေးတဲ့ အစီအစဉ်ကိုတော့ (၂၀၁၅) ခုနှစ်မှာ F.O.R.W.A.R.D ဆိုတဲ့ ပရောဂျက်ကနေ တဆင့် အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။ သိရတာကတော့ ထောင်တွင်းမှာ ကြောင်လေးတွေ မွေးပြီးတဲ့နောက်ပိုင်း အပြုသဘောဆန်တဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

purrfectpals.org

ထောင်သားတွေကတော့ ကြောင်လေးတွေနဲ့ လက်ပွန်းတတီးနေခြင်းအားဖြင့် သူတို့ကိုယ်သူတို့ ပိုပြီး တန်ဖိုးရှိတဲ့လူတွေအဖြစ် ခံစားရစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ သက်ရှိသတ္တ၀ါတစ်ကောင်အပေါ်မှာ သံယောဇဉ်ဖြစ်ရတဲ့အတွက် စာနာနားလည်စိတ်ကိုလည်း တိုးပွားလာတယ်လို့ ပြောပြပါတယ်။

READ
Google Maps ဂြိုဟ်တုမှ ဖမ်းယူရိုက်မိခဲ့တဲ့ အထူးဆန်းဆုံးဓာတ်ပုံများ
purrfectpals.org

ကြောင်လေးတွေဟာလည်း ပိုင်ရှင်မဲ့ ဂေဟာမှာနေရတဲ့ ကောင်လေးတွေဖြစ်တာကြောင့် သူတို့တွေကိုလည်း လူတွေကို ယုံကြည်တတ်လာအောင် ထောင်သားတွေက ပြန်လည်သင်ကြားပေးရပါတယ်။ ဒါမှ သူတို့လည်း လူတွေနားမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ သိသွားပြီး သူတို့ကို ပြုစုစောင့်ရှောက်ပေးမယ့် သခင်သစ်တွေဆီ ရောက်သွားတဲ့အခါမှာလည်း အဆင်ပြေချောမွေ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီပရောဂျက်ဟာ ထောင်သားတွေအတွက်ရော၊ ပိုင်ရှင်မဲ့ကြောင်လေးတွေအတွက်ပါ အကူအညီဖြစ်စေဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ ဒီပရောဂျက်လေးဟာ အောင်မြင်မှုရရှိခဲ့ပြီး အခုဆိုရင်တော့ အခြားအကျဉ်းထောင်တွေကပါ ကြောင်လေးတွေကို ထောင်ထဲမွေးကြဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

purrfectpals.org
purrfectpals.org
purrfectpals.org

လင်းလင်း (ShweMom)

SHARE