နန်းဝတ်နန်းစားနဲ့ တော်ဝင်ဆန်ဆန် အလှတွေကို ပြသလိုက်တဲ့ အောန်ဆိုင်း

မြန်မာနိုင်ငံရဲ့ ထိပ်တန်း စူပါမော်ဒယ်တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းကတော့ အင်တာနေရှင်နယ် မော်ဒယ်ဆန်ဆန် သူမရဲ့ အလှကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမကတော့ ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ အောန်ဆိုင်းကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ပုံစံ အသစ် ဆွဲဆောင်မှုအသစ်တွေကို ပြလိုက်ပြန်ပါပြီ။

တောင်ဝင်ဘုရင်မတစ်ပါးလို ဝတ်စားထားတဲ့ အောန်ဆိုင်းရဲ့ အလှကတော့ ပရိသတ်တွေတိုင်းကို ငေးမောအံသြသွားစေလောက်ပါတယ်။ အောန်ဆိုင်းကတော့ “ကိုတို့ နှစ်ယောက်ကြားက နားလည်မှု” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

အောန်ဆိုင်းကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ အောန်ဆိုင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်းဆက်လက်ပြီးတော့ အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

SOurce: Awn Seng

SHARE