လူတိုင်းကို ကြွေဆင်းသွားအောင် လုပ်လိုက်ပြန်တဲ့ လျှောက်လှမ်းပေါ်က အောန်ဆိုင်း

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်တစ်ဦးဖြစ်တဲ့ အောန်ဆိုင်းကတော့ စကားဝဲဝဲလေးတွေပြောတတ်တဲ့ ကချင်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး လူတိုင်းအားကျရတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကတော့ VIVID ဖက်ရှင်ရှိုးပွဲမှာ လျှောက်လှမ်းပေါ်က ဓါတ်ပုံလေးတွေကို သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်လိုက်တာဖြစ်ပါတယ်။ ဖက်ရှင်လျှောက်လမ်းပေါ်မှာ ကြွကြွရွရွနဲ့ လျှောက်လှမ်းနေတဲ့ ဓါတ်ပုံတွေကတော့ ပရိသတ်တွေအားလုံးရဲ့ ရင်ကို လှုပ်ခတ်သွားစေလောက်ပါတယ်။ အရင်ကထက် ပိုပြီးမိုက်လာတဲ့ အောန်ဆိုင်းကတော့ ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေပါ ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ညို့အားပြင်းတဲ့ ပုံစံနဲ့သာမက မိန်းကလေးဆန်ဆန် ပန်းရောင်ဝတ်စုံလေးနဲ့လည်း အရမ်းကို လိုက်ဖက်ပြီး လှလွန်းနေပါတယ်။ ပရိသတ်တွေအတွက် အောန်ဆိုင်းရဲ့ အမိုက်စားပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Awn Seng

SHARE