Myanmar Idol မှာ အမျိုးသမီး Winner ထွက်ပေါ် တော့မယ်လို့ ခန့်မှန်းပြောဆိုနေ

Image:Fb/Myanmar Idol

Myanmar Idol Season 4 ကတော့ အခုဆိုရင် ပြီးဆုံးမယ့် အချိန် တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။တစ်နိုင်ငံလုံးရဲ့ မြို့ကြီးတွေကို ပတ်ပြီး ထူးချွန်တဲ့ ၀ါသနာရှင်တွေကို ရွေးချယ်လာခဲ့ပြီး အဆင့်ဆင့် ရွေးချယ်မှု တွေကို ပြုလုပ်လာ ခဲ့တာပါ။အခုဆိုရင်တော့ Myanmar Idol Season 4 Grand Final  ကို တက်လှမ်းခွင့်ရမယ့် Top 3 စာရင်း ကေ တာ့ ထွက်ပေါ်လာခဲ့ပါပြီ။Myanmar Idol Season 4 [ Top 4 + 1 Channel 9 WILD CARD WINNER ] 8th Week Result Show  ရဲ့ ရလဒ်ကတော့ ပရိသတ်တွေ အားလုံး မျှော်လင့် မထားတဲ့ ရလဒ် ပါ။

Image:Fb/Myanmar Idol
Image:Fb/Myanmar Idol

ဒီဇင်ဘာ (၁၉)ရက်နေ့မှာတော့ WILD CARD WINNER အဖြစ်နဲ့ ရောက်လာတဲ့ တန်ခွန် ကျော်နဲ့  တခြားပြိုင် ပွဲဝင်  Top 4 တွေ က ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ၊စိတ်ခွန်အားဖြစ်စေ သော အကျိုးပြု သီချင်းများနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ဒီဇင်ဘာ (၂၀)ညမှာတော့ ပရိသတ်တွေ မဲ ပေးရွေးချယ်လိုက်တဲ့ Top 3 စာရင်းကို ကြေညာခဲ့ရာမှာတော့ တန်ခွန်ကျော် နဲ့ မူးလာ တို့ ပြိုင်ပွဲ ကနေ နုတ်ထွက်ခဲ့ရပါတယ်။Myanmar Idol Season 4 Grand Final  ကို တက်လှမ်းခွင့်ရသွားသူတွေ ကတေ့  Benjamin ၊ အေးမြဖြူ နဲ့ Esther ပါ။

READ
လနဲ့ချီကြာမြင့်အောင်ဖန်တီးခဲ့ရတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ ကျက်သရေရှိလွန်းနေတဲ့ မအေးသောင်း
Image:Fb/Myanmar Idol
Image:Fb/Myanmar Idol

အခုချိန် ထိ တခါ မှ အမျိုးသမီး Winner မထွက်ပေါ်ခဲ့ဖူးတဲ့Myanmar Idol မှာတော့ ဒီနှစ်မှာ အမျိုး သမီး နှစ်ေ ယာက်၊ အမျိုးသားတစ်ယောက် Grand Final ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။Season 1 မှာတော့ စောလား ထော်ဝါးက winner ဖြစ်ခဲ့ပါတယ်။Season 2 မှာဆိုရင် သားငယ်နဲ့ ဘီလီလမင်းအေးတို့  နောက်ဆုံး ဖိုင်နယ်ကို တက်ရောက်ခဲ့ကာ သားငယ်က Season 2 ရဲ့ Winner ဖြစ်ခဲ့ပါတယ်။

Image:Fb/Myanmar Idol

Season 3 မှာဆိုရင်တော့ ဖြိုးမြ တ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့  နောက်ဆုံး ဖိုင်နယ် ကို တက်ရောက်ခဲ့ပါတယ်။ဒါပေမယ့် ချမ်းမြေ့မောင်ချိုက ကျန်း မာရေးေ ကြာင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။ Season 3 ရဲ့ Winner က  ဖြိုးမြတ်အောင်ပါ။ဘယ်တုန်းကမှ အမျိုး သမီး Winner မရခဲ့ဖူးတဲ့ Myanmar Idol မှာတော့ ဒီတစ်ခေါက် Season 4 မှာ ပထမဆုံးအကြိမ် အမျိုးသမီး winner ထွက်ပေါ် လာ တော့မယ်လို့ ပရိသတ်အများစု ကတော့ ခန့်မှန်း ပြောဆိုနေကြပါတယ်။ပရိသတ် ကြီး ရဲ့ အမြင်  က ရော…….?

READ
ကိုယ်ဝန်ဆောင်အမှတ်တရပုံကို Sexy ကျကျ ရိုက်ကူးခဲ့တဲ့ Khloe Kardashian
Image:Fb/Myanmar Idol

Photos-fb/Myanmar Idol

 

SHARE