နှစ်သစ်မှာ အညစ်အကြေးတွေကို သန့်ရှင်းပေးပြီး ကုသိုလ်ယူခဲ့တဲ့ အေးမြတ်သူ

နာမည်ကျော် သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ အေးမြတ်သူကတော့ ရိုးသားပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားလို့လည်း ပရိသတ်တွေ လေးစားရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမကတော့ သင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့မှာ ပါဝင်ဆင်နွှဲခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့မှာလည်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။

အေးမြတ်သူကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ လိုအပ်တဲ့နေရာတွေမှာ အိမ်သာတွေကို သန့်ရှင်းရေးလုပ်ပေးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အေးမြတ်သူကတော့ “တနှစ်ပတ်လုံး ဖြစ်တည်ခဲ့တဲ့ စိတ်အညစ်အကြေးတွေ နဲ့ ၁၃၈၁ပြည့်ပတ်လုံး ဖြစ်တည်လာမယ့် စိတ်အညစ်အကြေးတွေ ကို ဆေးကြောခဲ့တယ် …..
နှောင်ဖြစ်တည်လာမယ့်….. စွန်းထေးညစ်ပေမှု့တွေ …..လည်း ခုဆေးကြောသန့်စင်မှု့တွေနဲ့ …….ပါသွားရပါလို၏…” လို့ရေးထားပြီး သူမရဲ့ ပုံရိပ်တွေကိုလည်း မျှဝေပေထားတာဖြစ်ပါတယ်။

READ
၂၀၁၆၏ ကမ္ဘာ့အလှဆုံးအမျိုးသမီး(၁၀) ဦး

ပရိသတ်တွေလည်း သာဓုခေါ်နိုင်ဖို့အတွက် အေးမြတ်သူရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Source: Aye Myat Thu

SHARE