အပျိုကြီးဘ၀ကို ပုံတစ်ပုံတည်းနဲ့ ပေါ်လွင်အောင်ဖော်ပြလိုက်တဲ့ အေးမြတ်သူ

ပရိသတ်တွေရဲ့ အချစ်တော် ပါးချိုင့်မင်းသမီးလေး အေးမြတ်သူမှာ ပုရိသတွေ မျက်စောင်းထိုးနေတဲ့ အပျိုကြီးစာရင်းဝင် အမျိုးသမီးအနုပညာရှင်တွေထဲက တစ်ယောက်ပါ။ ပရိသတ်တွေကတော့ အပျိုကြီးပဲ လုပ်ပါဆိုပြီး အေးမြတ်သူကို မကြာ ခဏ fb Comment တွေကတစ်ဆင့် တိုက်တွန်းထားတာကို တွေ့ရပါတယ်။ ပါးချိုင့်မင်းသမီးလေး မမြတ်လေးကရော ..အပျိုကြီးပဲ လုပ်မှာလား..?

 

အေးမြတ်သူကတော့ စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ် ပါဝင်ပေးခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုလည်း ဖက်ရှင် အလန်းလေးနဲ့ တက်ရောက်ပေးခဲ့ပါတယ်။

 

စကားပြောရင် ဟန်ဆောင်မှုကင်းပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ IG မှာ ပုံတစ်ပုံတင်ထားပါတယ်။ ပရိသတ်တွေကလည်း အဲ့ဒီပုံလေးကို အတော်လေး သဘောကျနေပါတယ်။ ပုံကတော့ စန္ဒီမြင့်လွင်တို့ မင်္ဂလာညစာစားပွဲက ပုံလေးပါ။ ပုံရဲ့ caption မှာတော့ “#life is အပျိုကြီး……” ဆိုပြီး ရေးထားပါတယ်။

READ
အလုပ်တွေရှုပ်နေတဲ့ ကြားက သားနဲ့သမီးကို အလွမ်းသယ်ခဲ့တဲ့ သက်မွန်မြင့်

ဒါတင်မကသေးပါဘူး။ aအးမြတ်သူက သူမရဲ့ FB အကောင့်မှာ မင်္ဂလာညစာစားပွဲတုန်းက ဗီဒီယိုဖိုင်ကိုလည်း တင်ထား ပါတယ်။”အပျိုကြီး …… သိပ်မကဲခဲ့ပါဘူး လို့စ်..” ဆိုပြီး ရေးထားပါတယ်။ ဗီဒီယိုထဲမှာတော့ ဇေယျနဲ့တွဲပြီး အပီအပြင်ကို ကနေတဲ့ အေးမြတ်သူကို တွေ့ရမှာပါ။

Dee dee’s wedding dinner

Posted by Khin Thazin on Monday, March 12, 2018

from အေးမြတ်သူရဲ့ fb

SHARE