သူမရဲ့ ပြောင်းလဲလာမှုတွေကို ချပြလိုက်တဲ့ အေးမြတ်သူ

အေးမြတ်သူကတော့ ပရိသတ်တွေက ပါးချိုင့်မင်းသမီးလေးဆိုပြီး ချစ်စနိုးခေါ်ကြတဲ့  မင်းသမီးချောလေးပါ။ ပါးချိုင့် လှလှ လေးကြောင့် ပရိသတ်တွေက သူမကို အထူးသတိထားမိခဲ့တာပါ။ မြန်မာဝတ်စုံလေးတွေနဲ့လည်း အရမ်းကို လိုက်ဖက် လှပလွန်းတဲ့ body အချိုးအစားကို ပိုင်ဆိုင်ထားပြီး Sexy ကျကျ ဖက်ရှင် အ၀တ်အစားတွေနဲ့လည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ မင်းသမီးပါ။ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်တဲ့ သူမရဲ့ Type ကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာပါ။

အေးမြတ်သူကတော့ အနုပညာလောကထဲကို သူမစတင်ဝင်ရောက်လာခဲ့တုန်းကနဲ့ လက်ရှိသူမရဲ့ ပြောင်းလဲလာမှု ပုံ ရိပ်တွေကို သူမရဲ့ fb မှာ အမှတ်တရ တင်ထားပါတယ်။ဒီလို ပြောင်းလဲလာခဲ့တဲ့ အချိန်တွေကိုလဲ အရမ်း ဂုဏ် ယူမိပြီး အခုလို ပြောင်းလဲသွားအောင် ဖန်တီးပေးခဲ့ကြတဲ့ Stylist တွေနဲ့မိတ်ကပ်ဖန်တီးသူတွေ ကို ကျေးဇူး တင်ပါတယ် ဆိုပြီး ပြောထားပါတယ်။

READ
ROSE RIDERS ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲ ကျင်းပ

“ပြောင်းလဲနိုင်စွမ်းရှိတဲ့ပညာရှင်တွေ လက်ထဲ မှာ
ကျမ ပြောင်းလဲနိုင်ခဲ့တဲ့အချိန်တွေ ကို
ကျမ အမြဲတမ်းဂုဏ်ယူတယ်ရှင့်……..
စတိုလ်လစ်တွေ….မိတ်ကပ်ဖန်တီးပေးသူတွေ ပြောင်းလဲပေးသွားတိုင်း ….ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကျမကိုယ်ကျမ အတွက်
အမြဲတမ်း ဂုဏ်ယူပျော်ရွှင်နေမိတယ်…


၂၀၀၃……၂၀၁၃ ….မှ…၂၀၁၈ အတွင်း ကျမ❤️❤️❤️❤️
ထပ်ပြီးလည်း ကောင်းသောပြောင်းလဲခြင်းတွေ
ပြောင်းလဲနိုင်ဖို့….ကျမ ကြိုးစားနေဦးမှာပါ…..❤️ကျမကမ္ဘာ..ကျမဘဝအတွက်…………..” ဆိုပြီး သူမရဲ့ fb မှာ တင်ထားပါတယ်။

from အေးမြတ်သူ

SHARE