“ရင်ခွင်ရှင်းတမ်း” ရိုက်ကွင်းမှာ အတွဲညီညီနဲ့ သရုပ်ဆောင်နေတဲ့ ဟိန်းဝေယံနဲ့ မအေးသောင်း

မအေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပြန်လည်ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းနဲ့ သိပ်မကြာသေးခင်ကမှ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်ပြီးတော့ ခပ်စိပ်စိပ်လေး ပြုလုပ်လာတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ ဟိန်းဝေယံတို့ကတော့ နှစ်ယောက်အတူတွဲပြီး အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့ “ရင်ခွင်ရှင်းတမ်း” ဆိုတဲ့ တီဗွီဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်တွေအဖြစ်နဲ့ အတူတွဲပြီး သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မအေးသောင်းက သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ “ရင်ခွင်ရှင်းတမ်း” ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို တင်ပေးထားတာဖြစ်ပါတယ်။

မအေးသောင်းကတော့ “ရေစက်ပါလို့ ဆုံရတယ်ဆိုတဲ့ နောက်မှာ ခွဲခွာခြင်း ဆက်ချစ်နေရခြင်း ဆိုတဲ့ ဝဋ်ကြွေးတွေအများကြီးကပ်ပါလာတာ သိမှမသိလိုက်ပဲ။” လို့ ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ မအေးသောင်းနဲ့ ဟိန်းဝေယံတို့ရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
Ex တွေ ထိုင်ငိုသွားရမယ့် Selena Gomez ရဲ့ Elle မဂ္ဂဇင်းပုံရိပ်များ

Source: Aye Thaung

SHARE