နန်းဆန်တဲ့အလှနဲ့ မြင်သူတကာ ငေးသွားအောင်လှနေတဲ့ မအေးသောင်းရဲ့ အကယ်ဒမီဖက်ရှင်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ မအေးသောင်းဆိုတဲ့ နာမည်နဲ့ အနုပညာလောကကို တကျော့ပြန်လည် ဝင်ရောက်လာခဲ့ပြီး ဒီနှစ်အတွက် အကယ်ဒမီခန့်မှန်းစာရင်းထဲမှာလည်း တစ်ပြေးနေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ဒီကနေ့မှာ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီး  ပြုလုပ်ကျင်းပနေတဲ့ အကယ်ဒမီဆုချီးမြှင်းပွဲကို တက်ရောက်တဲ့ ပုံရိပ်တွေကိုတော့လ မအေးသောင်းက သူမရဲ့ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

မြန်မာဆန်တဲ့အလှနဲ့ နာမည်ကျော်တဲ့ မအေးသောင်းကတော့ ဒီကနေ့မှာလည်း နန်းဆန်ပြီး ကျက်သရေရှိတဲ့ အလှတွေနဲ့ ဖမ်းစားလိုက်ပြန်ပါပြီ။ မအေးသောင်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

အကယ်ဒမီ ဆုပေးပွဲကြီးကို စောင့်မျှော်ကြည့်ရှုပြီး မ အေးသောင်းကို အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: Aye Thaung

SHARE