ဆေးရုံတွေ ကို လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အေးဝတ်ရည်သောင်း

Image:Fb/Aye Thaung

အေးဝတ်ရည်သောင်းက တော့ မြန်မာဆန်ဆန်ေ လးနဲ့ လှတဲ့ အနုပညာရှင်တစ်ယောက်ပါ။အေးဝတ်ရည် သောင်းဆိုတဲ့ နာမည်နဲ့ အနုပညာအလုပ်တွေ ကို လွန်ခဲ့တဲ့ နှစ်များစွာတည်းက လုပ်လာခဲ့တာပါ။နောက်ပိုင်းမှာတော့ အနုပညာ လောက နေ အကြာကြီး ပျောက်သွားပြီး နောက်ပိုင်းမှာတော့  မ အေးသောင်းနာမည်နဲ့  တ ကျော့ပြန်လည် နာမည်ကြီး လာခဲ့ပါတယ်။ဆံပင်ရှည်ရှည် မြန်မာဝတ်စုံနဲ့ လိုက်ဖက်တဲ့ အရပ်  အမောင်းနဲ့ Body တို့ ကြောင့် ပရိသတ် ကြားမှာ တော်တော် လေး ရေပန်းစားလာခဲ့တာပါ။ပရိသတ် တွေ ရဲ့ အချစ်တော် မ အေးသောင်းရဲ့ Fb မှာတော့  Covid-19  ကာကွယ် ရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတဲ့ Post တွေ ကို ဆက်တိုက် တင်ပေးနေပါတယ်။

Image:Fb/Aye Thaung
Image:Fb/Aye Thaung

Covid-19  ကာကွယ် ကုသ  ရေးအတွက် မ အေးသောင်းက သူမတက်နိုင်သ လောက် ပါဝင် ကူညီ လှူဒါန်း ပေးခဲ့ပါတယ်။အင်းစိန်နဲ့ ရန်ကုန် အရှေ့ပိုင်း ဆေးရုံတို့မှာ လှူဒါန်း ပေးခဲ့တာပါ။Mask အခု (၁၅၀၀) မှာပြီး လှူဒါန်း ခဲ့ကြောင်း နဲ့ အပူချိန် တိုင်း ကိရိယာတွေလည်း လိုအပ်နေတယ်လို့ ပြောခဲ့ပါတယ်။

READ
ဗစ်တိုးရီးယားဘက်ခမ်း အမြဲလိုလို ရုပ်တည်နေရတဲ့ အကြောင်းအရင်း
Image:Fb/Aye Thaung

“Mask အခု ၁၅၀၀ လှူဖို့မှာထားတာဒီနေ့အင်းစိန်ဆေးရုံ ကြီးနဲ့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတို့မှာ လှူဒါန်းခဲ့ပါတယ်ရှင့်။ အပူချိန်တိုင်းကိရိယာလည်း တအားလိုအပ်နေပါတယ်ရှင်…” ဆုိၿပီး တင်ထားပါတယ်။မ အေးသောင်း ကတော့ အလှူ အတန်းအပြင် သူမရဲ့ Fb က နေလက်ကို  စနစ်တကျ သေချာ စွာ ဆေးကြော ပေးဖို့၊ Mask တပ်ထားတဲ့ လူတွေ ကို မ လှောင်ကြဖို့ ကိုလည်း တိုက်တွန်း ထားပါတယ်။

လက်ကို ပြောင်အောင်ဘယ်လိုဆေးမလဲ???????? 👌👌👌How to wash your hand perfectly?👌👌👌

Posted by Aye Thaung on Sunday, 22 March 2020

“Quarantine လုပ်တယ်ဆိုတာ သူငယ်ချင်းတွေအိမ်မှာစုပြီး မုန့်လုပ်စားတာတို့ဟင်းချက်စားတာတို့လုပ်လို့မရပါဘူးနော်။ကိုယ့်အိမ်ကိုယ်နေကြပြီး ကိုယ့်ပါတ်ဝန်းကျင်ကိုယ့်ရပ်ကွက် ကိုယ့်မြို့ ကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာကို ဂရုစိုက်ပေးခြင်းပါရှင့်။ကိုယ့်ကြောင့်သူများကိုတကယ်မထိခိုက်စေချင်ဘူးဆိုရင် ဧည့်သည်လက်မခံပါနှင့်။ခရီးဝေးမှပြန်လာသူများလည်း Self-isolate လုပ်စေချင်ပါတယ်။လူငယ်တွေအနေနဲ့ ကိုယ်ခံအားကောင်းလို့ပြန်ကောင်းလာနိုင်ပေမဲ့ အသက်ကြီးတဲ့သူတွေမှာအများကြီးဆုံးရှံုးမှုတွေရှိနေပါတယ်။ကိုယ့်အနီးအနားမှာ လူကြီးသူမမရှိဘူးဆိုရင်တောင်မှကိုယ့်မိတ်ဆွေ ကိုယ့်သူငယ်ချင်းရဲ့ မိဘ ဘိုးဘွား မောင် ညီမလေးတွေ ကလေးတွေကိုကိုယ်ချင်းစာပြီး…..မိမိအိမ်လာလည်ဖို့အတွက်ငြင်းပေးကြပါ။မိမိအိမ်လာလည်ဖို့အတွက်ငြင်းပေးကြပါ။မိမိအိမ်လာလည်ဖို့အတွက်ငြင်းပေးကြပါ။ချစ်လို့ငြင်းတာပါနော် ✌️♥️..” ဆုိၿပီး လည်း တိုက်တွန်းထားပါတယ်။

လက်ကို ပြောင်အောင်ဘယ်လိုဆေးမလဲ???????? 👌👌👌How to wash your hand perfectly?👌👌👌 ဆုိၿပီး လက်ဆေးနည်းကိုလည်း သေချာ သရုပ်ပြ ပေးခဲ့ပါတယ်။

 Source:Fb/Aye Thaung

 

SHARE