အဖြူရောင်မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ လှနေတဲ့ မအေးသောင်း

မအေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေကြားမှာ တဖန်ပြန်လည်ရေပန်းစားလာတဲ့သူတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ သူမရဲ့ မြန်မာဆန်ဆန်အလှကြောင့် ပုရိသတွေကြားမှာ ရေပန်းစားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးနေရတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

သူမကတော့ မကြာခင်မှာလည်း “ရင်ခွင်ရှင်းတမ်း ” ရုပ်သံဇာတ်လမ်းတွဲမှာ မင်းသား ဟိန်းဝေယံနဲ့အတူတွဲဖက်ပြီး ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “ရင်ခွင်ရှင်းတမ်း ” ရုပ်သံဇာတ်လမ်းတွဲအတွက် ကန်တော့ပွဲကို ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဖြူရောင်မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လှနေတဲ့ မအေးသောင်းကတော့ “ရင်ခွင်ရှင်းတမ်း ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှပုံလေးများ။ အဖြူလေးကြိုက်တယ်။” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

မအေးသောင်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ မအေးသောင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်ပြီးတော့ အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
sexy ကျကျ DJ မလေးအဖြစ် တွေ့မြင်ရအုံးမယ့် Demi Rose

Source: Aye Thaung

SHARE