မြင်သူတိုင်းငေးသွားရအောင် လှလွန်းနေတဲ့ အေးသောင်းရဲ့ နန်းဆန်တဲ့ အလှ

အေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ပြန်လည်ဝင်ရောက်လာတဲ့သူတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားပြုလုပ်နေရသူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပါတယ်။ အေးသောင်းကတော့ လတ်တလောမှာ “ရင်ခွင်ရှင်းတန်း” ဆိုတဲ့ဇာတ်လမ်းတွဲကို ဟိန်းဝေယံနဲ့အတူ ရိုက်ကူးခဲ့ပြီး မကြာခင်မှာတော့ Channel 9 ရုပ်သံလှိုင်းမှာ ပြသတော့မှာဖြစ်ပါတယ်။

အေးသောင်းကတော့ ပရိသတ်တွေ “ရင်ခွင်ရှင်းတန်း” ရဲ့ အထူးပွဲကိုလည်း မေလ ၉ ရက်နေ့က တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အေးသောင်းကတော့ ရွှေရောင်လေးနဲ့ အဖြူရောင်ကို တွဲစပ်ထားတဲ့ မြန်မာဝတ်စုံလေးနဲ့ ဒီပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အေးသောင်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ အေးသောင်းရဲ့ အလှတွေမှာ ကြွေကြသွားပြီလား ပရိသတ်ကြီးရေ။

Source: Aye Thaung

SHARE