မန္တလေးမှာ ပရိသတ်တွေ အများကြီးနဲ့ တွေ့ဆုံခဲ့ရလို့ ပျော်နေတဲ့ အေးသောင်း

အေးသောင်းဆိုတဲ့ နာမည်နဲ့ အနုပညာလောကကို ပြန်လည်ဝင်ရောက်လာပြီး ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့သူတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပြီး ပွဲတွေလည်း ဆက်တိုက်တက်ေ်နရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

အေးသောင်းကတော့ ပြီးခဲ့ရက်ပိုင်းကလည်း မန္တလေးမြိုကို သွားရောက်ခဲ့ပြီး မန္တလေး မောင်မောင်ခင် vision mall ဖွင့်ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ မအေးသောင်းကတော့ ဇာဏ်ခီနဲ့အတူ ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တော်တော်များများကလည်း ဒီပွဲကို လာရောက်ခဲ့ကြပြီး အနုပညာရှင်နှစ်ဦးကို အားပေးခဲ့ကြပါတယ်။

အေးသောင်းကတော့ မဟာဆန်တဲ့ အပြာရောင်လေးနဲ့ ပွဲတက်ခဲ့တာဖြစ်ပါတယ်။ အေးသောင်းရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။

source: Aye Thaung

SHARE