ဝေးရမယ်ဆိုရင်တောင် အပြုံးနဲ့ပဲနှုတ်ဆက်ချင်တယ်လို့ ခံစားချက်တွေဖွင့်ဟလာတဲ့ မအေးသောင်း

မအေးသောင်းဆိုတဲ့ နာမည်နဲ့ အနုပညာလောကထဲမှာကို ပြန်လည်ဝင်ရောက်လာတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့  အေးဝတ်ရည်သောင်းကတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရပြီး အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ ခံစားချက်စာသားတွေကို ရေးဖွဲ့ပြီး တင်လေ့ရှိတဲ့ မအေးသောင်းကတော့ ဒီကနေ့မှာလည်း သူမရဲ့ ရင်တွင်း ခံစားချက်တွေကို ဖွင့်ဟရေးသားလာတာဖြစ်ပါတယ်။ မအေးသောင်းကတော့ “ဘဝမှာ အထီးကျန်တဲ့ဘဝကို ဂုဏ်ရှိရှိ ခံယူတာက နာနာကျင်ကျင် ချစ်နေရတာထက်စာရင်ကောင်းပါတယ်။ ကိုယ့်တို့ဝေးကြမယ် ဆိုရင်တောင် အပြုံးနဲ့ပဲအဆုံးသတ်ချင်သူပါ” လို့ ရေးသားပြောဆိုလာတာဖြစ်ပါတယ်။

 

မအေးသောင်းကတော့ ခံစားချက်စာလေးတွေကို ရေးသားထားပြီး သူရဲ့ ဓါတ်ပုံလေးတွေကိုပါ တင်ပေးထားတာဖြစ်ပါတယ်။ မအေးသောင်းရဲ့ ဓါတ်ပုံလေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source: Aye Thaung

SHARE