နှစ်သစ်မှာ စုံတွဲပုံလေးတွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်လိုက်တဲ့ အေးသောင်း

မအေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပြန်လည်ရရှိလာတဲ့ သူတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ သူတစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အေးသောင်းကတော့ သူမရဲ့ မြန်မာဆန်တဲ့ အလှကြောင့် နာမည်ကျော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အေးသောင်းကတော့ မြန်မာ့နှစ်သစ်ကူးအတွက် ပရိသတ်တွေကို “မင်္ဂလာပါ။
ပျော်ရွှင်စရာကောင်းသော နှစ်သစ်မင်္ဂလာလေးဖြစ်ပါစေရှင့်။” လို့ရေးထားပြီး နှုတ်ခွန်းဆက်စကားပြောထားတာဖြစ်ပါတယ်။ အေးသောင်းကတော့ စုံတွဲဓါတ်ပုံလေးတွေကို တင်ပေးထားတာကြောင့် အေးသောင်းရဲ့ ဘေးက ဘယ်သူလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

အေးသောင်းကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် အေးသောင်းရဲ့ စုံတွဲပုံရိပ်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Source: Aye Thaung

SHARE