လနဲ့ချီကြာမြင့်အောင်ဖန်တီးခဲ့ရတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ ကျက်သရေရှိလွန်းနေတဲ့ မအေးသောင်း

aye thaung facebook

မအေးသောင်းကတော့ မြန်မာဆန်ဆန်လှတဲ့သူတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ သရုပ်ေ်ဆာင်စွမ်းရည်ကြောင့်လည်း အနုပညာလောကမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

aye thaung facebook
aye thaung facebook

အေးသောင်းကတော့ ဇူလိုင်လ ၆ရက်နေ့က အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့တွင် ကျင်းပတဲ့
၄၃ ကြိမ်မြောက် UNESCO အစည်းအဝေး ကိုလည်း ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက်  မြန်မာကိုယ်စားပြုအဖွဲ့အစည်းတွေနဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

aye thaung facebook
aye thaung facebook

ဒီကနေ့မှာတော့ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက်
ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ဂုဏ်ပြုညစာစားပွဲတက်ရောက်ခဲ့တဲ့ပုံရိပ်တွေကို တင်ပေးထားတာဖြစ်ပါတယ်။

aye thaung facebook
aye thaung facebook

ပွဲတိုင်းမှာ ထူးခြားလှပတဲ့ ပွဲတက်ဝတ်စုံတွေနဲ့ တက်ရောက်ခဲ့တဲ့ အေးသောင်းကတော့ ဒီပွဲကိုလည်း လနဲ့ချီကြာမြင့်အောင်ဖန်တီးခဲ့ရတဲ့ ရွှေချည်ထိုး ငွေချည်ထိုးဝတ်စုံကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာဆန်ဆန် ကျက်သရေရှိရှိလှပနေတဲ့ အေးသောင်းရဲ့ ပုံရိပ်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

READ
မြန်မာဝတ်စုံလေးတွေ လွမ်းနေပြီဆိုတဲ့ ဘေဘီမောင်
aye thaung facebook

Source: aye thaung

SHARE