မွေးခါစကလေးကို အများသုံးအိမ်သာမှာ စွန့်ပစ်ခဲ့တဲ့ ရက်စက်တဲ့မိခင်

တရုတ်နိုင်ငံ အနောက်တောင်ဘက် Sichuanခရိုင်၊ Chengduမြို့ရဲ့ Dachengဈေး အိမ်သာထဲမှာ ရက်စက်တဲ့မိခင်
တစ်ဦးက မွေးခါစ ကလေးတစ်ဦးကို ပစ်သွားခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ခရီးသွားမိန်းမတစ်ဦးက အိမ်သာထဲဝင်ရင်း ကလေးငိုသံကြားလို့ရှာမိရမှ အမှိုက်တွေလွှင့်ပစ်တဲ့ခြင်း
တောင်းထဲမှာ ကလေးကို တွေ့တာလို့ မျက်မြင်တစ်ဦးရဲ့အဆိုအရ သိရပါတယ်။ ကလေးဟာ မွေးခါစပုံစံမျိုးဖြစ်ပြီး သွေး
များပေကျံနေသလို အချင်းကိုလည်း ဖြတ်ထားခြင်းမရှိခဲ့ပါဘူး။

ဒေသခံရဲတွေဟာ ကလေးကို ဆေးရုံမှာတင်ပို့ထားပြီး စွန့်ပစ်သွားတဲ့ မိခင်ကိုလည်း ရှာဖွေနေတယ်လို့သိရပါတယ်။ က
လေးကို စတင်တွေ့တဲ့ အမျိုးသမီးကလည်း ကလေးကို တွေ့တွေ့ချင်းမှာ သေသွားလို့လာပစ်ထားတယ်လို့ တွေးထင်ပြီး မိမိကြောက်သွားခဲ့ကြောင်းနဲ့ နောက်မှကိုယ့်ကိုကိုယ်အားပေးကာ ကလေးကို ခြင်းထဲက ထုတ်ယူခဲ့ပြီး အနည်းငယ်သန့် စင်ပေးခဲ့ပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အဲဒီလို လူ့လောကကို ပထမဆုံးဝင်ရောက်တဲ့နေ့မှာပဲ ရက်စက်တဲ့မိခင်ရဲ့စွန့်ပစ်ခြင်းကို ခံရတဲ့ ကလေးငယ်ရဲ့ သနား
စရာကောင်းတဲ့ အဖြစ်ကို ခရီးသွားတစ်ဦးက ဗွီဒီယိုရိုက်ပြီး အင်တာနက်ပေါ်လည်းတင်ထားတယ်လို့ သိရပါတယ်။

READ
အမေရိကန်လို မဖြစ်စေဖို့ သေနတ်ပေါင်း (၆)သိန်းကျော်ကို ပြန်သိမ်းခဲ့တဲ့သြစတေးလျ
M2T (Shwemom)
Source; Mirror
SHARE