မိခင်ရဲ့ကျေးဇူးကြောင့် ကင်ဆာရောဂါ ပျောက်ကင်းသွားခဲ့တဲ့ လသားအရွယ် သမီးလေး

sophie barr/Facebook

လသားအရွယ်သာရှိသေးတဲ့ သမီလေး Patricia ဟာ ရေရှည်အသက်ရှင်ဖို့ မသေချာတဲ့ ကင်ဆာရောဂါကနေ အရှင်းပျောက်ကင်းသွားပြီလို့ သိရပါတယ်။ Patricia ဟာ ပြီးခဲ့တဲ့ ဧပြီလက နောက်ဆုံးဓာတ်ကင် ကုသမှုကို ခံယူခဲ့တာဖြစ်ပြီး၊ သေမင်းအလာကို စောင့်နေခဲ့ရတာပါ။

ဒါပေမယ့် နောက်ဆုံးတော့ Patricia ရဲ့မိခင်အရင်းကပဲ သူမရဲ့ ကိုယ်ပိုင်အသည်းကို ထုတ်လှူခဲ့တာမို့ Patricia ဟာ ချက်ချင်းလက်ငင်း ကျန်းမာရေး ဒေါင်ဒေါင်မြည်လာခဲ့ပါပြီ။ မိခင်ရဲ့အမည်ကတော့ Sophie Barr ဖြစ်ပြီး အသက်(၂၅)နှစ် ဖြစ်ပါတယ်။ Mirror ရဲ့ဖော်ပြချက်အရတော့ မိခင်ဖြစ်သူဟာ သမီးကို အသည်းလှူဖို့ နှစ်ခါ မစဉ်းစားခဲ့ရပါဘူးတဲ့။

sophie barr/Facebook

သူမဟာ အသည်းတစ်ခြမ်းကို သမီးအတွက် ဖြတ်ထုတ်လှူဒါန်းခဲ့ရာ Patricia အဖို့တော့ လူ(၂၀၀)မှာ တစ်ယောက်သာ ရှင်နိုင်ချေရှိတဲ့ ကံကောင်းခြင်းတရားကို လက်ဆုပ်လက်ကိုင် ပြုခွင့်ရခဲ့တာပါ။ ဇန်နဝါရီကတည်းက Chemotherapy ကုထုံး ခံယူခဲ့ပေမယ့်၊ အခြေအနေက တိုးတက်လာခြင်းမရှိလို့၊ ဧပြီဒုတိယအပတ်မှာ အရေးပေါ်ခန်းမှာ စောင့်ရှောက်ထားခဲ့ရတာပါ။

READ
အဝေဖန်ခံနေရတဲ့ ရင်သားအရွယ်အစားတိုင်းတာပေးမယ့် Mobile App

တကယ်တော့ ကိုယ်တွင်းအင်္ဂါအလှုရှင်တွေရဲ့ထုံးစံအတိုင်း အလှူရှင်မျှော်ရတာရယ်၊ ဦးစားပေးအဆင့် ခွဲစိတ်ဖို့အတွက် ဆေးရုံက လျှာထားခံရတာရယ်ဟာ အလွန်အရေးကြီးပြီး နည်းနည်းလေး နောက်ကျလို့ မရတဲ့အနေအထားပါ။ Patrica ဟာ Leeds Children’s Hospital မှာ တက်ရောက်ခဲ့ပြီး၊ အရေးပေါ်ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခံခဲ့ရပါတယ်။

sophie barr/Facebook

မတ်လမှာ အသည်းအလှူရှင် ရှိခဲ့ပေမယ့် ဒေါက်တာတွေက ခွဲစိတ်မှုကို ပယ်ဖျက်လိုက်ပါတယ်။ အကြောင်းကတော့ အလှူရှင်ရဲ့အသည်းက ဆိုးဆိုးရွားရွား ပျက်စီးနေလို့ပါ။ နောက်တော့ မိခင်က သူမ လှူပါရစေ ပြောခဲ့တာမို့ အသည်းရဲ့ (၂၀)%ကို လှီးထုတ်ယူပြီး အစားထိုး ခွဲစိတ်ခဲ့တာ ဖြစ်ပါတယ်။

မိခင် Barr ကတော့ သူမဟာ နှစ်ကြိမ်လှူရမယ်ဆိုရင်တောင် နှစ်ခါပြန် စဉ်းစားမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ခြောက်နာရီကြာ ခွဲစိတ်ပြီးနောက် သမီးအသက်ကို ကယ်လိုက်နိုင်ခဲ့တာပါ။ အခုတော့ သမီးလေး Patricia ဟာ ကျန်းမာတဲ့ဘဝနဲ့ လောကထဲကို ပြန်လည်ဝင်ရောက်နေပါပြီ။ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူမရဲ့ တစ်နှစ်ပြည့်မွေးနေ့ကိုလည်း ဆင်နွှဲနိုင်ခဲ့ပါတယ်။

READ
အိမ်ထောင်ရေးသုခနဲ့ကလေးထွန်းကားဖို့ယောက်ျားအင်္ဂါပုံစံသစ်တုံးစီးကြတဲ့ ဂျပန်အမျိုးသမီးများ
sophie barr/Facebook

လင်းသုတ

SHARE