TikTok ဗီဒီယိုတွေကြောင့် လူချစ်လူခင်များနေတဲ့ ဘီဗာဖျံကလေး Beave

[email protected]

ဘီဗာဖျံလေးတွေဆိုတာ တော်တော်လေးကို ချစ်ဖို့ကောင်းပြီး လူတွေနဲ့ သိပ်မစိမ်းတဲ့ တောတွင်းတိရစ္ဆာန်ကောင်လေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ သဘာဝကတော့ ရေတံခွန်တို့၊ မြစ်တို့၊ စမ်းချောင်းတို့လို နေရာမျိုးတွေမှာ သစ်ကိုင်းခြောက်တွေစုပုံပြီး အတားအဆီးလုပ်ကာ အသိုက်ဆောက်နေတတ်တဲ့ တိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ ဘီဗာဖျံလေးတစ်ကောင်ကတော့ ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးနေတဲ့ ဘီဗာဖျံလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အဆိုပါ ဘီဗာဖျံလေးဟာ သူ့ကိုကယ်တင်စောင့်ရှောက်ထားတဲ့ သခင်ဖြစ်သူရဲ့ အိမ်မှာနေပြီး အဆိုပါ အိမ်ထဲမှာပဲ သူ့ရဲ့ ဗီဇအတိုင်း အသိုက်ဆောက်နေတာပဲဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါ ဖျံကလေးရဲ့ နာမည်ကတော့ Beave ပဲ ဖြစ်ပါတယ်။ Beave ကို Nancy လို့ အမည်ရတဲ့ တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဝန်ထမ်းတစ်ဦးက လမ်းမတစ်ခုပေါ်မှာ တွေ့ရှိပြီး ကယ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။ Beave လေးကို စစတွေ့ချင်း အချိန်မှာတော့ Nancy ဟာ အဆိုပါ အနီးအနားက တောအုပ်နဲ့ စမ်းချောင်းတွေမှာ Beave ရဲ့ မိဘတွေကို လိုက်ရှာပေးခဲ့ပါသေးတယ်။ ဒါပေမယ့် Beave လေးရဲ့ မိဘတွေကတော့ မုဆိုးတွေ သတ်ဖြတ်လို့ သေဆုံးသွာတယ်လို့ ယူဆခဲ့တာကြောင့် နောက်ဆုံးမှာတော့ Nancy ဟာ Beave လေးကို သူ့ရဲ့နေအိမ်သို့ခေါ်လာပြီး မွေးမြူစောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

READ
ခရီးသွားတွေပဲ ပြန်ရှဲတဲ့ လေဆိပ်အတွင်းက ထူးထူးဆန်းဆန်း လုပ်ရပ်များ
[email protected]
[email protected]

ဒီလိုခေါ်လာပြီး မွေးဖို့ဆုံးဖြတ်ခဲ့တာလည်း Beave လေးဟာ တော်တော်ငယ်သေးတာကြောင့်တစ်ကြောင်း၊ တောထဲမှာ သူတစ်ယောက်တည်း အသက်ရှင်နေထိုင်ဖို့ ခက်ခဲတာကတစ်ကြောင်း အစရှိတဲ့ အကြောင်းကြောင်းကြောင့် Nancy ဟာ Beave လေးကို သူ့ရဲ့နေအိမ်မှာပဲ တရားဝင်မွေးစားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ Beave လေးဟာ Nancy အိမ်ရောက်တာနဲ့ သူ့ရဲ့သဘာဝအတိုင်း စတင်နေထိုင်ပါတော့တယ်။ Nancy အိမ်မှာ မြင်သမျှ တိုလီမုတ်စ ပစ္စည်းတွေကို ကိုက်ချီပြီး သူ့ရဲ့ကိုယ်ပိုင် အသိုက်လေးကို တည်ဆောက်ပါတော့တယ်။ အိမ်မှာ တွေ့မြင်သမျှ သူသယ်လို့ရတဲ့ ပစ္စည်းလေးတွေကို သူ့ဘာသာသူသယ်ပြီး တစ်နိုင်တစ်ပိုင်နဲ့ ကိုယ်ပိုင်အသိုက်လေး တည်ဆောက်နေပါတော့တယ်။

 

@beaverbabyfurryloveBeave wanted to include a special message in his dam to one of his followers today! @kllyddon @callmedanger7 ##fyp ##UnwrapTheDeals ##foryoupage♬ original sound – Beave

 

READ
လူတစ်ယောက်ရဲ့လက်ဆော့မှုကြောင့် ပုံစံပြောင်းသွားခဲ့ရရှာတဲ့ ဂန္ဒီရုပ်ထုကြီး

“Beave က တစ်ကယ်ကို မလွယ်တဲ့ ကောင်လေးပါ။ အရမ်းလည်းဆော့တဲ့အပြင် အချိန်ရှိသမျှ တိုလီမုတ်စပစ္စည်းတွေနဲ့ အသိုက်ပဲ ဆောက်နေပါတယ်။ သူယူလာတဲ့ ပစ္စည်းတွေကို ကျွန်မက ရှင်းလိုက်၊ သူကပြန်ဖွလိုက်နဲ့ အားရတယ်ကို မရှိပါဘူး။ Beave ဟာ ကျွန်မနဲ့ နောက်ထပ် ၂ နှစ်လောက် အတူတူ နေရအုံးမှာပါ။ ၂ နှစ်ပြီးရင်တော့ သူ့ကို တောထဲ ပြန်ပို့ပေးသွားမှပါ”လို့ Nancy က ပြောကြားခဲ့ပါတယ်။

 

@beaverbabyfurryloveBeave loves to empty the closets out at the lake house. ##WellDone ##fyp ##WeWinTogether ##ShowUpShowOff ##yougotthis ##foryoupage♬ original sound – Beave

Pyi Hein Kyaw

SHARE