မော်ဒယ်ဦးလေးကို အတုခိုးပြီး ပို့စ်တွေ လိုက်လုပ်တဲ့ တူတော်မောင်

အနုပညာမော်ဒယ်လောကဆိုတာ အပြိုင်အဆိုင်ပြင်းထန်လှပါတယ်။ နယူးယောက်အခြေစိုက် အမျိုးသားမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Aristotle Polites ဟာ အခုဆိုရင်တော့ မမျှော်လင့်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့တွေ့ဖို့ ဖြစ်လာပါပြီ။ Aristotle ရဲ့ပြိုင်ဘက်ကတော့ (၁၈)လသားအရွယ် သူရဲ့တူလေး Augie ပဲဖြစ်ပါတယ်။ Augie ဟာ အမေဖြစ်သူ Behm ရဲ့အကူအညီနဲ့ မော်ဒယ်ဦးလေးကိုတုပပြီး post ပေးခဲ့ကာ ဓာတ်ပုံရိုက်ကူးခဲ့တဲ့အကြောင်း BoredPanda မှာတွေ့ရှိထားပါတယ်။

Instagram: babyandthebody

မိခင်ဖြစ်သူတဲ့ Behm က “…တစ်နေ့ သားလေးကို ရှပ်အင်္ကျီဝတ်ပေးတော့ အင်္ကျီက တ၀က်တပျက်နဲ့ဝတ်ထားတဲ့အချိန် ဗိုက်လေးကလဲ ပေါ်နေတော့ ရယ်ချင်သွားတယ်… စိတ်ထဲမှာတော့ သူ့ပုံလေးက အချစ်ဝတ္ထုထဲက မျက်နှာဖုံးကာဗာပုံလေးလိုပဲ…. အဲဒါနဲ့ဓာတ်ပုံရိုက်ပြီး မောင်လေးမှာလဲ ဒီလိုပုံရှိတာကြောင့် (၂)ပုံလုံးကို Instagram ပေါ်တင်ရာကနေ ဆက်ရိုက်ဖြစ်တာပဲ…” လို့ဆိုပါတယ်။

READ
အံ့သြဖွယ် လက်မှုပညာနဲ့ ကြံကြံဖန်ဖန် စဉ်းစားထားတဲ့ ဖန်တီးမှုလက်ရာများ
Instagram: babyandthebody

အဲဒီအချိန်ကစပြီး မောင်ဖြစ်သူမော်ဒယ်ရဲ့ အလန်းဆုံးဒီဇိုင်းနဲ့ Post တွေကိုယူပြီး Augie ကို အလားတူ post မျိုးတွေနဲ့ပြင်ဆင်ပေးခဲ့ပါတယ်။ အခုဆိုရင်တော့ Instagram အကောင့် @babyandthebody မှာ followers ပေါင်း (၂၃,၀၀၀)ကျော်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

Instagram: babyandthebody
Instagram: babyandthebody
Instagram: babyandthebody
Instagram: babyandthebody
Instagram: babyandthebody
Instagram: babyandthebody
Instagram: babyandthebody
Instagram: babyandthebody

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE