အယ်လ်ဇိုင်းမားဝေဒနာရှင်တွေအတွက် ကုထုံးတစ်ရပ်ဖြစ်လာတဲ့ ကလေးရုပ်များ

facebook/Shannon Gray Blair

အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှာ ရာပေါင်းများစွာသော အယ်လ်ဇိုင်းမားဝေဒနာရှင်တွေကို ကလေးအရုပ်လေးတွေပေးပြီး ကုသနေတယ်လို့ insider သတင်းအရ သိရပါတယ်။ ၄င်းကုထုံးကို ကန်တက်ကီအခြေစိုက် ကုသိုလ်ဖြစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Pearl’s Memory Babies မှာ အသုံးပြုနေတာပါ။ Pearl’s Memory Babies ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဆန်ဒီကမ်ဘရွန်ကတော့ အယ်လ်ဇိုင်းမားရနေတဲ့ သူမရဲ့ ယောက္ခမကြီးနဲ့ အရုပ်လေးကြားမှာ ရှိခဲ့တဲ့ဆက်နွယ်မှုကို ပြောပြခဲ့ပါတယ်။

facebook/Shannon Gray Blair

“ကျွန်မ ယောက္ခမကြီးက သူ့ကို အရုပ်လေးပေးပြီးတဲ့နောက်ပိုင်း စကားပြန်ပြောလာတယ်။ သူ့ကို ကလေးရုပ်လေးတစ်ရုပ်ပေးထားတယ်။ အဲဒီအရုပ်လေးမရှိပဲ သူက ဘယ်မှမသွားဘူး။ ထမင်းစားတော့လည်း အဲ့ဒီအရုပ်ကလေးကို ခေါ်သွားတယ်။ အိပ်တော့လည်း ဒီအရုပ်လေးနဲ့ပဲ အိပ်တယ်။ ဒါပေမယ့် အခုတော့ ကျွန်မယောက္ခမကြီးက သေသွားတာ တစ်နှစ်တောင်ရှိနေပါပြီ။ သူဆုံးတော့ အဲဒီအရုပ်လေးပါ ထည့်မြှုပ်ပေးလိုက်တယ်…”

READ
အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ် ဖရဲသီးစားပေးသင့်
facebook/Shannon Gray Blair

အခုဆိုရင်တော့ Pearl’s Memory Babies ဟာ အယ်လ်ဇိုင်းမားဝေဒနာနဲ့ မှတ်ဥာဏ်ချို့ယွင်းပျောက်ဆုံးပြီး စိတ်အခြေမဲ့နေတဲ့ လူနာတွေအတွက် အရုပ်ပေါင်း(၃၀၀) ကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ဆန်ဒီကတော့ လူနာတွေကို အရုပ်လေးတွေ ပေးထားတယ်ဆိုတာ အထူးအဆန်းတော့မဟုတ်ပေမယ့် လူနာတွေအတွက်တော့ အကျိုးရှိပုံရကြောင်း၊ တချို့လူနာတွေဆိုရင် အရုပ်လေးရပြီးတာနဲ့ တစ်ပြိုင်နက် ငိုကြတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် အရုပ်လေးတွေက လူနာတွေရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အနည်းနဲ့အများတော့ တိုးပြီး မှတ်မိနိုင်စေတယ်လို့ ယူဆရမှာပါ။

facebook/Shannon Gray Blair

အယ်လ်ဇိုင်းမားဝေဒနာရှင်တွေအတွက် အရုပ်ကုထုံးကို အမေရိကန်နဲ့ နိုင်ငံတော်တော်များများမှာ အသုံးပြုနေကြပါပြီ။ အရုပ်လေးတွေဟာ လူနာတွေရဲ့ စိတ်လှုပ်ရှားမှုနဲ့ စိတ်မငြိမ်မသက်ဖြစ်ပွားမှုကို လျော့နည်းစေကြောင်း လေ့လာတွေ့ရှိရပါတယ်။ လူနာတွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုနိုင်စွမ်းလည်း မြင့်တက်လာပြီး ဆေးသောက်ရမယ့် အကြိမ်ပမာဏလျော့ကျသွားတာကိုလည်း တွေ့ရှိရကြောင်း သိရပါတယ်။

READ
အိမ်သာခွက်ထက် ပိုညစ်ပတ်တဲ့ ပစ္စည်းများ
facebook/Shannon Gray Blair

ဒါပေမယ့်လည်း ဝေဖန်သူတွေက အသက်ကြီးတဲ့အဖိုးကြီး၊ အဖွားကြီးတွေကို အခုလို ကလေးရုပ်တွေပေးထားတာက သူငယ်ပြန်နိုင်ခြေများတယ်ဆိုပြီးတော့ ထောက်ပြထားပြန်ပါတယ်။ အယ်လ်ဇိုင်းမားနဲ့ ဦးနှောက်မှတ်ဥာဏ်ချို့ယွင်းနေသူတွေကို သက်သာအောင် လုပ်ဖို့နည်းလမ်းဟာ ပန်းချီနဲ့တေးဂီတသာအကောင်းဆုံးဖြစ်တယ်လို့လည်း ဆိုသူတွေရှိပါတယ်။ ဝေဒနာရှင်တွေဟာ အရွယ်ရောက်ပြီးလူကြီးတွေဖြစ်တဲ့အပြင် ပညာတတ်လူကြီးတွေတောင်ပါတဲ့အတွက် သူတို့ကို လေးစားမှုပေးသင့်တယ်လို့ Kaiser Health ကတော့ ဖော်ပြထားပါတယ်။

facebook/Shannon Gray Blair

Alzheimer’s Association ရဲ့သတင်းအချက်အလက်ဒါရိုက်တာတစ်ဦးဖြစ်သူ ရုသ်ဒရူးကတော့ အယ်လ်ဇိုင်းမားဝေဒနာသည်တွေကို အရုပ်လေးတွေ ပေးလိုက်တဲ့အခါ လူနာတွေရဲ့ အခြေအနေတွေက သိသိသာသာတိုးတက်လာတာပါလို့ ဆိုပါတယ်။ ကလေးအရုပ်ပေးထားတဲ့အတွက် လူနာတွေဟာ သူတို့ရဲ့အတိတ်တုန်းက သားသမီးမွေးမြူထိန်းကျောင်းခဲ့ပုံတွေနဲ့ ဘ၀မှာ ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို ပြန်သတိရလာမယ်လို့ မျှော်လင့်ကြောင်းလည်း ရုသ်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE