ခြတွင်းထဲကို ပြုတ်ကျလို့ သေဆုံးခဲ့ရတဲ့ ဆင်ပေါက်လေး

ဆင်ပေါက်လေးတစ်ကောင်ဟာ ခြတွင်းထဲကို ကျွံကျခဲ့လို့ သေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ဖြစ်ရပ် ကမ္ဘောဒီးယားနိုင်ငံရှိ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတစ်ခုမှာ ဖြစ်ပွားခဲ့ရပါတယ်။ ဆင်ပေါက်လေးဟာ Keo Seima ဘေးမဲ့တောရှိ တောတွင်းတစ်နေရာရဲ့ တွင်းပေါက်တစ်ခုထဲကို ကျွံကျနေခဲ့စဉ် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတွေက မသိခဲ့ကြတဲ့အတွက် အချိန်မီမကယ်တင်နိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။

ဘေးမဲ့တောရဲ့ ဒါရိုက်တာ Dem Buntoeun က ၄င်းတွင်းကို မုဆိုးတွေ ထောင်ခဲ့တဲ့ ထောင်ချောက်ဟု ဦးစွာ သံသယရှိခဲ့ပေမယ့် စစ်ဆေးပြီးနောက်မှာတော့ ဆင်ပေါက်လေးဟာ တစ်မီတာခန့်အကျယ်နဲ့ မီတာဝက်ခန့်နက်တဲ့ ခြတွင်းထဲကို ကျွံကျခဲ့တာဖြစ်ပြီး အနောက်ခြေထောက်နှစ်ချောင်း နစ်ခဲ့တာဖြစ်ကြောင်း သိခဲ့ရပါတယ်။

ဆင်ပေါက်လေးရဲ့ သေဆုံးမှုကို ရွာသားတွေက အကြောင်းကြားခဲ့တာဖြစ်ပြီး အလောင်းကို ကမ္ဘောဒီးယား ပတ်ဝန်းကျင်ဝန်ကြီးဌာနသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ ခြသိုက်တွေရှိတဲ့ တွင်းထဲကို ပြုတ်ကျခဲ့တဲ့ ဆင်လေးကတော့ အတော်ကို ကံဆိုးခဲ့ရှာတာပါ။ ဆင်လေးဟာ ၄င်းဘေးမဲ့တောမှာ ရာကျော်ခန့်သာ ရှိတဲ့ ဆင်တွေထဲက တစ်ကောင်ဖြစ်ပြီး ဆင်တွေဟာ ကမ္ဘောဒီးယားနိုင်ငံမှာ အကောင်ရေ (၅၀၀)အောက်သာ ရှိပြီး အာရှတစ်တိုက်လုံးမှာ အကောင်ရေ (၅)သောင်းခန့်သာ ရှိတော့တာဖြစ်ပါတယ်။

READ
ရဲတွေရဲ့ Selfie ပုံကြောင့် ကားမှောက်တာ အမေသိသွားတဲ့ ကံဆိုးသူကောင်မလေး

ဆင်လေးပြုတ်ကျခဲ့တဲ့နေရာဟာ တောနက်တာကြောင့် အချိန်မီ မကယ်တင်နိုင်ခဲ့ခြင်းအပေါ် နောင်တရခဲ့ကြောင်း တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရေးအဖွဲ့အစည်းက ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းရဲ့ ထုတ်ပြန်ထားချက်အရ ဆင်တွေဟာ ပျောက်ကွယ်သွားနိုင်ချေရှိတဲ့ ရှားပါးမျိုးစိတ်စာရင်းဝင်နေပြီဖြစ်ကြောင်း စိတ်မကောင်းစရာ သိရပါတယ်။

White (Shwemom)

Ref: dailymail.co.uk

SHARE