ဇလားကြီးထဲမှာ အပူကင်းကင်းနဲ့ ရေချိုးနေတဲ့ ဆင်ပေါက်လေးရဲ့ ချစ်စရာဗီဒီယိုဖိုင်

ဆင်ပေါက်လေးတစ်ကောင်ရဲ့ ဇလားကြီးတစ်ခုထဲ ရေချိုးနေတဲ့ ချစ်စဖွယ်ဗီဒီယိုဖိုင်လေးဟာ အွန်လိုင်းပေါ်က လူတွေကို ကြည်နူးစေခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ထိုင်းနိုင်ငံ ဖူးခက်က ဆင်ဥယျာဉ်တစ်ခုမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုအစပိုင်းမှာ ဆင်ပေါက်လေးဟာ ရေဇလားထဲကို ခြေထောက်တစ်ချောင်းထောက်ပြီး ရေတွေကို ကန်ကာ ဆော့နေခဲ့ပါတယ်။ ဆော့နေရင်းနဲ့ သူလေးက ပိုပြီး သတ္တိရှိလာပုံရပါတယ်။ ရေတွေအပြည့်ထားတဲ့ ဇလားကြီးထဲကို အရင်ပုဆစ်တုပ်ထိုင်၊ ပြီးတာနဲ့ ရေထဲကို ကိုယ်လုံးလေးပါ လှဲချပစ်ခဲ့တာပါ။

viral hog
viral hog

ဆင်ပေါက်လေးနာမည်ကတော့ ဖာဆိုင်းဖြစ်ပါတယ်။ ဖာဆိုင်းက ရေဇလားထဲမှာ ကိုယ်လုံးလေး နှစ်ပြီး ဆော့နေခဲ့တာပါ။ နှာမောင်းလေးနဲ့ ရေတွေကို တွန်းထုတ်လိုက်၊ ရေပေါ်ခေါင်းလေးဖော်လိုက်နဲ့ ပျော်နေပုံရပါတယ်။ တစ်ခါမှာတော့ ကလေးပီပီ စူးစမ်းလိုဟန်တူပါတယ်။ သူက ရေအောက်ထဲကိုတောင် သူကိုယ်လုံးလေးမြှုပ်သွားတဲ့အထိ ရေငုပ်ခဲ့ပါသေးတယ်။ ပြီးတဲ့အခါမှာတော့ ရေပေါ်ကို နှာမောင်းလေးထောင်ပြီး ဘွားကနဲ ပြန်ထလာပါတယ်။ မောသွားတဲ့ပုံနဲ့ ဖာဆိုင်းဟာ ဇလားနှုတ်ခမ်းပေါ်မှာ ခေါင်းလေးတင်ရင်း မှီ အနားယူနေတာကိုလည်း ဗီဒီယိုဖိုင်မှာ တွေ့ရမှာပါ။

viral hog
viral hog

ဆင်ပေါက်လေးကို ဓာတ်ပုံရိုက်ကူးခဲ့တဲ့ နေရာဟာ ဆင်တွေ အငြိမ်းစားယူရာ ဥယျာဉ်တစ်ခုဖြစ်ပြီး ဥယျာဉ်ထဲမှာ ဆင် (၈) ကောင် ရှိပါတယ်။ ဥယျာဉ်ထဲမှာတော့ သူတို့ကို စောင့်ရှောက်သူတွေ ရှိပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဆင်ကောင်ရေ (၄) ကောင်မှာ (၃) ကောင်ဟာ လူသားတွေရဲ့ စေခိုင်းမှုနဲ့ ညှင်းပန်းနှိပ်စက်မှု ဒဏ်တွေကို ခံစားကြရပါတယ်။ လူတွေက ဆင်တွေကို ယာဉ်သဖွယ်အသုံးပြုကြတဲ့အပြင် လမ်းပေါ်မှာလည်း တောင်းစားခိုင်းကြပါတယ်။ ဒါပေမယ့် အခုဖော်ပြထားတဲ့ ဥယျာဉ်ကတော့ ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဥယျာဉ်တစ်ခုဖြစ်ပြီး ဥယျာဉ်ထဲမှာ ဆင်စီးခြင်း၊ ဆင်တွေကို သံကြိုးခတ်ချည်နှောင်ခြင်းနဲ့ ရိုက်နှက်ခြင်းတွေ မပြုလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။

READ
လေဆိပ်ထဲ ရှော့ခ်ရနေတဲ့သခင်ကို ချက်ခြင်းဖြေသိမ့်ပေးနိုင်ခဲ့တဲ့ ခွေးကလေး

လင်းလင်း (ShweMom)

Ref: dailymail

SHARE