လူအလစ်မှာ ကြံခိုးစားနေတဲ့ ဆင်ပေါက်လေးရဲ့ချစ်စဖွယ် အပြုအမူလေး

[email protected]วีรวัฒน์ พรหมเมือง Pixabay-TeeFarm

ထိုင်းနိုင်ငံက သစ်တောတော်တော်များများမှာ ဘေးမဲ့ပေးထားတဲ့ ဆင်တွေ အကောင် ၂,၀၀၀ ကျော်ရှိပါတယ်။ အဲဒီဆင်တွေကြားထဲက ဆင်ပေါက်လေးတစ်ကောင်ကတော့ လက်ရှိထိုင်းနိုင်ငံရဲ့ ဆိုရှယ်မီဒီယာမှာ တော်တော်လေးခေတ်စားနေပြီး လူတော်တ်ာများများကလည်း အဆိုပါ ဆင်ပေါက်လေးရဲ့ ချစ်စရာအပြုအမူကို တော်တော်လေး ချစ်ပြီး အသည်းယားနေကြပါတယ်။ အကြောင်းအရင်းကတော့ အဆိုပါ ဆင်ပေါက်လေးဟာ လူတွေအလစ်မှာ စိုက်ခင်းတစ်ခုထဲ ကြံတွေကို ခိုးစားနေခဲ့ပြီး လူတွေ့သွားတဲ့အခါမှာ သူပြုလုပ်ခဲ့တဲ့ ချစ်စရာအပြုအမူလေးတစ်ခုကြောင့် အခုလို နာမည်ကြီးခဲ့တာဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အဖြစ်အပျက်ကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မြို့မှ မြို့ခံသစ်တောအရာရှိတစ်ချို့ဟာ ညဖက်ပိုင်းမှာ အနီးအနားမှာရှိတဲ့ စိုက်ခင်းတွေကို လှည့်လည်ပတ်ကြည့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြံခင်းတစ်ခုနား အရောက်မှာ ကြံပင်တွေ လှုပ်နေတာကို မသင်္ကာတာနဲ့ အဆိုပါ နေရာကို လက်နှိပ်ဓာတ်မီးထိုးပြီး ကြည့်ခဲ့ရတာမှာတော့ အောက်ကပုံလေးကို တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

READ
အများသုံးယာဉ်ပေါ်တွေက ထူးထူးခြားခြား ရယ်စရာကောင်းနေတဲ့ အဖြစ်များ

ပုံထဲမှာ တွေ့ရတဲ့အတိုင်း ဆင်ပေါက်လေးတစ်ကောင်ဟာ ကြံခင်းထဲက ကြံတွေကို ယူစားနေတုန်း ဓာတ်မီးရောင်ကြောင့် ရုတ်တရက် လန့်သွားခဲ့ပြီး အနားမှာရှိတဲ့ တိုင်လေးတစ်တိုင်နောက်ကို ဝင်ကွယ်နေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်နဲ့ မလိုက်ဖက်လှတဲ့ တိုင်လေးနောက်ကို ကွယ်နေတဲ့ ပုံလေးက မြင်ရသူတိုင်းကို တော်တော်လေး အသည်ယားပြီး ချစ်ဖို့ကောင်းအေယင် ပြုလုပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ အရာရှိတွေက လက်နှိပ်ဓာတ်မီးကို ပိတ်ပြီး ဆက်သွားတဲ့အချိန်မှာတော့ အဆိုပါဆင်ပေါက်လေးဟာ ကြံတွေကို ဆက်စားပြီး ကျန်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပုံလေးဟာ facebook ပေါ်မှာ တော်တော်လေး ပျံ့နှံ့သွားခဲ့ပြီး like လုပ်သူ 3.2k နဲ့ share လုပ်သူ 1.2k အထိတောင် ရှိခဲ့ကြောင်း သိရပါတယ်။

Pixabay-birgl

Pyi Hein Kyaw

SHARE